Banner

ကောထောပေါဆော်မှ ငွေမြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်းအမျိုးအစား

ကောထောပေါဆော်မှ ငွေမြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်းသည် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့ ကြေညာချက်အောက်တွင်လုပ်ဆောင်ခြင်းဖြစ်ပြီး အကြောင်းအရာ ငွေအသုံးပြုခြင်း ညွှန်ကြားချက်၊ နည်းလမ်းနှင့် ကန့်သတ်ချက်များ၊ အများအကျိုးအတွက် အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း သုတေသနနှင့်ဖွံ့ဖြိုးရေးရန်ပုံငွေ လိုက်လံစောင့်ကြည့်ခြင်းနှင့်ခန့်မှန်းခြင်း ခေါင်းစဉ်အောက်ဖြစ်ပြီး အဆိုပါ ကြေညာစာ၏ အချက် ၅ ရှိအကြောင်းအရာအတိုင်းဖြစ်သည်။ ထောက်ပံ့ခြင်းအတွက်ငွေကြေးစီမံခြင်းနှင့် ကောထောပေါဆော်မှ ငွေကြေးမြှင့်တင်ပေးခြင်းများကို သတ်မှတ်ထားပြီး အောက်ပါအတိုင်း ၃ မျိုးခွဲနိုင်သည်။

အမျိုးအစား ၁ ပုဒ်မ ၅၂ (၁)(၂)(၃)နှင့်(၄)အရ ရည်ရွယ်ချက်အတိုင်း ဖြစ်စေရန် ကောထောပေါဆော်ငွေမှ မြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်း တောင်းဆိုသူမှဖြစ်ပေါ်သော စီမံကိန်းဖြစ်၍ မြှင့်တင်ထောက်ပံ့မှုရင်းနှီးငွေ ယေဘုယျအမျိုးအစားကို ဆိုလိုသည်။ ရင်းနှီးငွေတောင်းဆိုသောသူသည် အကယ်၍အဆိုပါစီမံကိန်းသည် ပုဒ်မ ၅၂(၁) ကျယ်ပြန့်သောဝန်ဆောင်မှု၊ ၅၂(၂) ဖွံ့ဖြိုးမှုသုတေသနပြုလုပ်ခြင်းနှင့်မီဒီယာအမှီသိနိုင်ခြင်း၊ ၅၂(၃) လူပုဂ္ဂိုလ်ဖွံ့ဖြိုးရေး အပိုင်း နှင့် ၅၂(၄) သုံးစွဲသူကြည့်ရှုစောင့်ရှောက်ရေးအပိုင်း တို့နှင့်ဆက်စပ်မှုရှိပါက ထောက်ပံ့မှုတောင်းဆိုရန်အတွက် စီမံကိန်းကမ်းလှမ်းချက်တင်ပြနိုင်သည်။

အမျိုးအစား ၂ ပုဒ်မ ၅၂(၁)(၂)(၃)နှင့်(၄)အရ ရန်ပုံငွေ၏ရည်ရွယ်ချက်ပြီးမြောက်ရန်အတွက်နှင့် အစိုးရမူဝါဒ နှင့်အသံလိုင်းစီမံခြင်းမော်ဒယ်အစီအစဉ်၊ အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းမော်ဒယ်အစီအစဉ်၊ ဆက်သွယ်ရေးလုပ်ငန်းမော်ဒယ်အစီအစဉ်နှင့် ကျယ်ပြန့်စွာသောအခြေခံဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုနှင့် လူထုအတွက်ဝန်ဆောင်မှုရှိစေရန် ပြုလုပ်ခြင်းအစီအစဉ် တို့နှင့်ဆက်စပ်မှုရှိစေရန် မြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် လုပ်ဆောင်ခြင်းအတွက် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ ကြေညာသတ်မှတ်သော စီမံကိန်းဖြစ်၍ မြှင့်တင်ထောက်ပံ့မှုရင်းနှီးငွေ အကြောင်းအရာသတ်မှတ်သောအမျိုးအစားကို ဆိုလိုသည်။ ရင်းနှီးငွေတောင်းဆိုသူမှ လုပ်ငန်းလုပ်ဆောင်ခြင်းကမ်းလှမ်းချက်တင်ပြရာတွင် ကြေညာသတ်မှတ်သည့်စီမံကိန်းနှင့်တူညီမှုရှိစေရန်အတွက် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ လုပ်ငန်း၏နယ်ပယ်(Terms of Reference : TOR)ကို ကြေညာခြင်းရှိမည်။

အမျိုးအစား ၃ ပုဒ်မ ၅၂(၅)အရ အန္တရာယ်ကင်းရှင်းနှင့်တီထွင်ဆန်းသစ်မီဒီယာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေအတိုင်း လုပ်ငန်းလုပ်ဆောင်မှု ထောက်ပံ့ပေးခြင်းဖြစ်သည်။

ဖန်တီးသူ  -   (25-05-2017 16:40:23)

Download

Page views: 553