ရုပ်သံလိုင်းအမျိုးသားဆက်သွယ်ရေးကော်မရှင်ဥက္ကဋ္ဌ ထိုင်းစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် Internet of Things အခွင့်အလမ်းကို အဓိကမြင်၊ ၂၀၂၀ ခုနှစ် ကမ္ဘာတစ်ဝှမ်းတွင်ချိတ်ဆက်မှုကရိယာတန်ဆာပလာ များ ဘီလီယံ ၂၀ ကျော်ရှိမည်ဟုမျှော်လင့်၊ သယ်ယူပို့ဆောင်ရေး - ကျန်းမာရေးစီးပွားရေးလုပ်ငန်းများ ဝန်ထမ်းဆိုင်ရာကုန်ကျစရိတ်လျှော့၊

အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဒုဥက္ကဋ္ဌ (ရုပ်သံ လိုင်း ဒုဥက္ကဋ္ဌ) နှင့် အမျိုးသားဆက်သွယ်ရေးလုပ်ငန်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးဒေါက်တာ ဆေတ်ဖုန်း မလိဆူဝမ်း (Dr.Settapong Malisuwan) က “Internet of  Things: ထိုင်းနိုင်ငံ၏ အခွင့်အလမ်း၊ စိန်ခေါ်မှု၊ ကြိုတင် ပြင်ဆင်မှု နှင့် စီမံခန့်ခွဲအုပ်ချုပ်မှု” အကြောင်းနှီး​နှော​ဆွေး​နွေး​ပွဲ၌ ပြောကြားထားသည်မှာ -ပစ္စုပ္ပန်ကာလတွင်  Internet of Things (သို့) IoT နည်းပညာသည် ပစ္စည်း၊ဥစ္စာပိုင်ဆိုင်မှု ခြေရာခံ လိုက်ရှာခြင်းအပါအဝင်ထုတ်ကုန်ပစ္စည်းလိုက်ရှာမှုများ၊ သယ်ယူပို့ဆောင်ရေးနှင့်ကျန်းမာရေးလုပ်ငန်းများ၊ စသည့် များပြားသောစက်မှုလုပ်ငန်းနယ်ပယ်အခန်းကဏ္ဍတွင်ပါဝင်အရေးပါလျှက်ရှိသည် ဟုပြောကြားသွား ပြီး၊ ၂၀၂၀ ခုနှစ်  ကမ္ဘာတစ်ဝှမ်းတွင်ချိတ်ဆက်မှုကရိယာတန်ဆာပလာများ ဘီလီယံ ၂၀ ကျော်ရှိလိမ့်မည် ဟု မျှော်လင့်ထားသည်၊ IoT နည်းပညာများမတိုင်မီ အမျိုးမျိုးသောစက်မှုလုပ်ငန်းကဏ္ဍများတွင်ဝေးလံသော ဒေတာအချက်အလက်များစုဆောင်း သည့်နည်းပညာကို အသုံးပြုခဲ့သည်၊ သို့သော် ကန့်သတ်ချက်များရှိ နေသေးသဖြင့် စက်မှုလုပ်ငန်းမြောက်များစွာတွင်ပိုမိုကောင်း မွန်သည့်နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် တိကျပြီးပိုမိုခေတ်မီ၊ ပိုမိုကောင်းမွန်သည့်၊ IoTနည်းပညာကို ရှေ့ဆောင်တိုးချဲ့ဆောင်ရွက်ရခြင်းဖြစ်သည်။

အမျိုးသားဆက်သွယ်ရေးလုပ်ငန်း(NTC) ဥက္ကဋ္ဌ ပြောကြားချက်အရ စက်မှုလုပ်ငန်းများတွင် IoTနည်း ပညာများ အသုံးချခြင်း နမူနာမှာ -                                                                               လူနာအား ရောဂါရှာဖွေစစ်ဆေးဖေါ်ထုတ်မှု၊စီမံခန့်ခွဲမှု နှင့် ပိုမို ကောင်းမွန်ပြီးလွယ်ကူသောကုသမှု အတွက် ချိတ်ဆက်ထားသောစင်ဆာများ(Sensors) ကို အသုံးပြုခြင်း။ IoT ကရိယာတန်ဆာပလာသည် လူနာလိုက်နာစောင့်ကြည့်မှုတွင်ကောင်းမွန်ရန် များသောအားဖြင့် ဝတ်ဆင်နိုင်သောကရိယာကို အဓိက ထားသည်၊ ဆေးရုံများတွင် ကွန်ယက်အဖြစ်ချိတ်ဆက်ထားသော စင်ဆာများ (Sensors)၏ အကျိုးဆက် ကြောင့် ကျန်းမာရေးဝန်ဆောင်မှုများနှင့် လူနာအားလိုက်နာ စောင့်ကြည့်မှုများအတွက် ထိရောက်မှုတိုးမြှင့် စေ သည်၊ IoTသည်ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှု တွင်ပါဝင်ဆောင်ရွက်စေသည့်အပြင်ကုန်ကျစရိတ် လည်းလျှော့ကျစေသည်။

ထို့အပြင် IoTသည် စီးပွားရေးလုပ်ငန်းစဉ်ဆက်မပြတ်လည်ပတ်နိုင်စေရန်အတွက် စက်မှုလုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များတွင်အသုံးပြုသည်၊ ရေနံတူးဖေါ်ရေးလုပ်ငန်းမှအစ၊ရေနံစုပ်ယူမှု၊ မော်နီတာ မျက်နှာပြင်စစ်ဆေးမှုနှင့် သတ္ထုမိုင်းများပြုလုပ်ချိန် ကာလအတွင်း ရေနံသို့မဟုတ်သဘာဝဓာတ်ငွေ့သယ်ယူ ပို့ဆောင်ပိုက်လိုင်းများစစ်ဆေးမှုအတွက်ပြဿနာအသီးသီး၏အကြောင်းရင်းများကို လျင်မြန်စွာသုံးသပ်ဖေါ် ထုတ်နိုင်သည်။

"IoT နည်းပညာသည် စက်မှုလုပ်ငန်းအမျိုးမျိုး၏ အလိုအလျောက်စနစ်အတွင်း ဂိမ်းပြောင်းမှုကို ဖြစ်ပေါ်စေသည်၊ အဖွဲ့အစည်းများ၏ ပလက်ဖောင်းများဖြစ်လာစေရန်၊ IoT၏အခြေခံဖွဲ့စည်းမှုမှ စတင်တပ် ဆင်ပေးသည်၊ အတိတ်တွင်ဖြေရှင်းမရနိုင်သောပြဿနာများကိုဖြေရှင်းနိုင်ရန်၊ စက်မှုလုပ်ငန်းအားအကျိုး အမြတ်နှင့်တန်ဖိုးသစ်များဖြစ်စေရန်ဖြစ်သည်၊ ပိုမိုအရေးကြီးသည်မှာ အလုပ်သမားများ၏ ကုန်ကျစရိတ် များလျော့ကျစေနိုင်ပြီး၊ ပြဿနာတုံ့ပြန်မှုများကို လက်ရှိအချိန်အတွင်းချက်ချင်းဖြေရှင်းနိုင်သည်၊ လုပ်ငန်း စွမ်းဆောင်ရည်ကိုပိုမိုသက်ရောက်မှုရှိစေသည်၊" ဟု NTC ဥက္ကဋ္ဌကပြောကြားသွားသည်။

ဖန်တီးသူ  -   (24-05-2017 10:48:15)

Download

Page views: 1202