NBTC ရုပ်သံလိုင်းရုံးမှ ကောင်းတဲ့လက္ခဏာရှိသောဒီဂျစ်တယ်တီဗွီဈေးကွက်အခြေအနေ၊ မူရင်းချန် နယ်နှင့်ပိုမိုနီးကပ်လာသော ဒစ်ဂျစ်တယ်ရုပ်သံလိုင်းအချိုးအစား၊ အားကစားအစီအစဉ်ကချန်နယ်သစ် များအတွက် ပရိသတ်ပမာဏအမှတ် (ratings) မြှင့်မားစေခြင်း၊

အမျိုးသားအသံလွှင့်လုပ်ငန်း၊ရုပ်သံလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းကော်မရှင် (ရုပ်သံလိုင်းရုံး) က ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ဒစ်ဂျစ်တယ်စနစ်အတွင်း မြေပြင်ရုပ်သံလုပ်ငန်း(ဒီဂျစ်တယ်တီဗွီ) ၏ဈေး ကွက်အခြေ အနေများ ကိုအစီရင်ခံထားသည်မှာ -  ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်အထိ ဒီဂျစ်တယ်တီဗွီကြည့် သူ အချိုးအစား သည် မူရင်း channel လိုင်းများဖြစ်သည့် ချန်နယ် ၃၊ ၅၊ ရ၊ ၉၊ NBT နှင့် Thai PBS ကဲ့သို့ ပိုမိုနီးကပ်လာသည်၊ ဒီဂျစ်တယ်တီဗွီကြည့်သူအချိုးအစားသည် ၄၆.၂၉% နှင့်မူရင်း channel လိုင်းကြည့်သူ ၅၃.၇၁%ဖြစ်ပြီး၊ အများပြည်သူတို့သည် မူရင်းခ်ျနယ်နီးပါး ဒီဂျစ်တယ်တီဗီသစ်ချန်နယ်များ ကိုပိုမို ကြည့်ရှု လာကြောင်းပြသည်၊

ဇွန်လအတွင်းတွင် ပြည်တွင်းနှင့်ပြည်ပတို့မှ ပရိတ်သတ်ကြားတွင်ရေပန်းစားသော အားကစား ယှဉ်ပြိုင်မှု များရှိ၍ချန်နယ်အသီးသီးက တိုက်ရိုက် ထုတ်လွှင့်ရန်အခွင့်အရေးများကို ပရိတ်သတ်များ ကြည့်ရှုနိုင်ရန် ဝယ်ယူ ကြသည်၊ ပြည်သူလူထုအများစုက မူရင်း channel ဖြစ်စေ၊ချန်နယ်အသစ်ဖြစ်စေ အားကစား ယှဉ်ပြိုင်မှု ရှိသော ရုပ်သံလိုင်းတီဗွီများ ကိုကြည့်ရှုရန်နှစ်သက်နေသေးကြောင်းတွေ့ရသည်။ ဥပမာ- ထိုင်းရတ်တီဗွီချန်နယ်တွင် တိုက်ရိုက်ထုတ်လွှင့်သော ထိုင်းနှင့်ဆီးရီးယားအကြား ဘုရင့်ဖလား ဘောလုံးပွဲသည် ပရိတ်သတ်များအားပေး သည့်ပမာဏ (Rating) ၆.၀၇၂အထိတိုးမြှင့်စေသည်၊ အဆို ပါထိုင်းရတ်တီဗွီ၏ ဘုရင့်ဖလားဘောလုံးပွဲ ထုတ်လွှင့် မှုသည် ဇွန်လတွင် ထိုင်းရတ်တီဗွီအား အဆင့် ၁၀ မှ အဆင့် ၇ အထိတက်လာစေသည်။

ထို့အပြင် လွန်ခဲ့သောမေလက  Workpoint တီဗွီချန်နယ်မှ ၂၀၁၆ ခုနှစ် အိုလံပစ်ဘော်လီဘွောပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုသည် Workpoint ချန်နယ်အား ပရိတ်သတ်များအားပေးသည့်ပမာဏ (Ratings) တက်စေ ကြောင်းသိသိသာသာမြင်နိုင်သည်၊၂၀၁၆ ခုနှစ် အိုလံပစ်ဘော်လီဘောပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့် မှုမတိုင်မီ နှင့်ပြီးနောက်လတွင်နှိုင်းယှဉ်ကြည့်လျှင် Workpoint ချန်နယ်အား(Ratings) အမြင့်ဆုံး တက်စေ သောစုံတွဲသည်၊ ထိုင်းနှင့်ဂျပန်ဖြစ်ပြီး၊ Ratings ၇.၆၂၅ နှင့် ထိုင်းနှင့်ဘေးရူးတွင် ၇.၅၁၃ အထိ တက်လာ သည်။

တိုးပွားလာသော ratings အတွက် ဒစ်ဂျစ်တယ်ရုပ်သံလိုင်းသည် အားကစားတိုက်ရိုက် ထုတ်လွှင့် ရန်နှင့် ထုတ်လွှင့်မှုများပိုမိုထုတ်လွှင့်နိုင်ရန်၊ အားကစားအမျိုးမျိုး၏ထုတ်လွှင့်မှုမူပိုင်ခွင့်ဝယ်ယူမှုများ ပိုမိုများ ပြားလာမည်ကိုဖြစ်နိုင် သည်၊ အိုလံပစ်ဘော်လီဘောပြိုင်ပွဲကဲ့သို့အကြောင်းအရာသည် ချန်နယ်တစ်ခုစီ၏ ratings ကိုတက်လာစေနိုင်သည်၊ချန်နယ်တိုင်းကြော်ငြာဝင်ငွေတိုးပွားလာနိုင်သည်၊

ဒီဂျစ်တယ်တီဗွီကြော်ငြာမှုတန်ဖိုးငွေသည် ၂၀၁၆ ခုနှစ် မေလတွင် ဘတ်သန်းပေါင်း ၁၆၉၆ ဘတ်၊ မူရင်းချန်နယ်များသည် ဘတ်သန်းပေါင်း ၄၆၄၀ ဖြစ်ပြီး၊ပြီးခဲ့သည့်လနှင့်နှိုင်းယှဉ်လျှင် ကြော်ငြာမှုတန်ဖိုးငွေ သည် ၃% တက်လာသည်။

ဖန်တီးသူ  -   (24-05-2017 17:50:20)

Download

Page views: 492