ရုပ်သံလိုင်းရုံးက ဆက်သွယ်ရေးတီထွင်မှုကိုပြခြင်း၊ တိုင်းပြည်အား ဒစ်ဂျစ်တယ်စီးပွားရေးခေတ်သို့ ရောက်ရန်အားပေး၊

၂၀၁၅ခုနှစ်၊ သြဂုတ်လ ၆-၉ ရက်နေ့၊ ဘုရင်မကြီး Sirikit အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ အမျိုးသားဆက်သွယ်ရေးနေ့ NET2015 စပြီ၊
ရုပ်သံလိုင်းရုံးက တိုင်းပြည်အား ဒစ်ဂျစ်တယ်စီးပွားရေး ခေတ်သို့ ရောက်ရန်အားပေးသည်၊ အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှု များကို တွန်းအားပေးပြီး၊ ပုဂ္ဂလိကများနှင့်ပူးပေါင်းပြီး၊ ဆန်းသစ်ဆက်သွယ်ရေးများပြသသည်၊
ရုပ်သံလိုင်း ဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ်မှူး ထရေ့စ် ဘွန်းဆီ ပြောပြသည်မှာ -
လွန်ခဲ့သောအချိန်တွင် အမျိုးသားလုံးဆိုင်ရာရုပ်သံလိုင်းရုံးသည်အသံလွင့်လုပ်ငန်း၊ရုပ်မြင်သံကြား လုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများဆိုင်ရာဖွဲ့စည်းမှုပုံစံများကိုချမှတ်ခဲ့သည်၊ အမျိုးသားလုံးဆိုင်ရာ ရုပ်သံ လိုင်းရုံးသည် အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြား လုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများဆိုင်ရာ အခြေခံဖွဲ့စည်းမှုများရင်းနှီးမြှုပ်နှံမှုမှတိုင်းပြည်စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုခဲ့သည်၊ ဆက်သွယ်ရေးနည်းပညာသစ်များယူဆောင်လာခြင်းဖြင့်တိုင်းပြည်သို့ဒစ်ဂျစ်တယ်စီးပွား ရေးခေတ်ရောက် ရန်တိုက်တွန်းပေးသည်။ဤနှစ်အမျိုးသားဆက်သွယ်ရေးနေ့ကျင်းပခြင်းသည်၊ရုပ်သံလိုင်းရုံးကအခွင့်အလမ်း များ ဖန်တီးမှုနှင့်တိုင်းပြည်၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင်အရေးပါသော ဆက်သွယ်ရေးနည်း ပညာ၏စွမ်းအား ကိုသရုပ်ပြရန် ရည်ရွယ်သည်။
ပြပွဲ၏လေးရက်တစ်လျှောက်လုံးသည်၊အမျိုးမျိုးသောဆန်းသစ်တီထွင်မှုဆိုင်ရာ ပြခန်းများမှအပ၊
ရုပ်သံလိုင်းရုံးမှ စိတ်ဝင်စားဖွယ်ကောင်းသောဆွေးနွေးမှုများရှိသည်၊ အသံလွှင့်ခြင်း၊ရုပ်သံနှင့်ဆက်သွယ်ရေး လုပ်ငန်းမှပြည်တွင်းပြည်ပနှစ်ခုစလုံးမှ ဂုဏ်ဧည့်သည်များပါဝင် ဆွေးနွေးကြသည်။ ဆွေးနွေးမှုအကြောင်း အရာများမှာ-  “Digital Technology – Global Outreach”, “Traditional TV vs. Alternative Screen : Challenges and Opportunities”, “Telecommunication enables “Digital disruptive” a new wave challenging all industries” และ “Delivery Technologies and Business Models for Mobile Television Service” ထိုင်းလုပ်ငန်းရှင်များအား ခိုင်ခန့်စေသည့်အပြင် အတွေးအမြင်သစ်များကိုဖွင့်ပေးသည်။
 
ရုပ်မြင်သံကြား၊အသံလွင့်လုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာအတွင်းရေးမှူး ဦးထာကွန်း တန်တဆစ် က ထုတ်ဖေါ်ပြောကြားသည်မှာ - အစိုးရ၏ရည်ရွယ်ချက်ကိုရှေ့ ဆက်သယ်ဆောင်ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးမူဝါဒကိုအကောင်အထည်ဖော်ရန်အတွက် ထိုင်းနိုင်ငံရုပ်သံလိုင်းရုံးက ရုပ်မြင်သံကြား၊ အသံလွင့်လုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများအတွက် လှိုင်းကြိမ်နှုန်းဝေငှခွဲဝေမှုတွင် အဓိကတာဝန်ရှိ သော အဖွဲအစည်းအနေဖြင့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၆-၉ ရက်နေ့တွင် ဘုရင်မကြီး Sirikit အမျိုးသား ကွန်ဗင်းရှင်း စင်တာတွင် အမျိုးသားဆက်သွယ်ရေးနေ့ကိုကျင်းပရန်သတ်မှတ်ပြီး၊“NBTC EXPO THAILAND 2015 (NET 2015)” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့သည်၊“Future Trend in Digital World” အယူအဆခံတွင် ပြခန်းဇုံအမျိုးမျိုး သည် နည်းပညာများနှင့်ဆန်းသစ်တီထွင်မှုများဆိုင်ရာ ထိုင်း ဆက်သွယ်ရေးလုပ်ငန်းများကို အောက်ပါ အတိုင်းပြသထားသည်၊
၁. ဒစ်ဂျစ်တယ်စီးပွားရေး Digital Economy   အစိုးရအဖွဲအစည်း၏မူဝါဒနှင့်စီမံကိန်းများကိုတင်ပြသောပြခန်း
    ဖြစ်သည်။
၂. ဒစ်ဂျစ်တယ်အသိုင်းအဝိုင်း Digital Community ပုဂ္ဂလိကစီးပွားရေးကစီစဉ်သော အနာဂတ်နည်းပညာ
    နှင့်ခေတ်မီဘဝထုတ်လုပ်သည်ပြခန်းဖြစ်သည်။
၃. မိုးဘိုင်းကမ္ဘာ Mobile World  မိုဘိုင်းဆန်းသစ်တီထွင်မှုနှင့် အနာဂတ်တွင်4G နှင့် 5G  စနစ်လှိုင်းကြိမ်နှုန်း
    ဆိုင်ရာစှမံခန့်ခွဲမှုပစ္စည်းပြခန်း၊ ဖြစ်သည်။
၎. ခေတ်ဆန်ဖျော်ဖြေမှု Smart Entertainment  ဒစ်ဂျစ်တယ်ခေတ်ဖျော်ဖြေရေးဆန်းသစ်တီထွင်မှုနှင့်
    ဒစ်ဂျစ်တယ်စနစ်အသံနှင့်ရုပ်သံထုတ်လွှင့်မှုဆိုင်ရာပစ္စည်းပြခန်း၊ဖြစ်သည်။
၅. ဆိုက်ဘာ လုံခြုံရေး Cyber Security  ဒစ်ဂျစ်တယ်လမ်းကြောင်းများ၏ခြိမ်းခြောက်မှုနှင့် အဆိုပါခြိမ်း
    ခြောက်မှုကိုကာကွယ်မှုနှင့်တုံ့ပြန်မှုဆိုင်ရာအသိအမြင်ဖန်တီးမှုပြခန်း၊

စိတ်ဝင်စားသောသူများသည်  အဆိုပါ နှီးနှောဖလှယ်ပွဲကိုတက်ရောက်နိုင်သည်၊၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၆-၉ ရက်၊ အချိန် ၁၀.၀၀ - ၁၉.၀၀ နာရီ၊ Plenary Hall, ဘုရင်မကြီး Sirikit အမျိုးသားကွန်ဗင်းရှင်းစင်တာ၊Queen Sirikit National Convention Center

Download

ဖန်တီးသူ  -   (24-05-2017 20:15:34)

Download

Page views: 791