Banner

ပါမောက္ခ ဆတ်ထပွန် ကူစ်ရီပိတာခ် (Setthaporn Koosripitak)

ပါမောက္ခ ဆတ်ထပွန် ကူစ်ရီပိတာခ် (Setthaporn Koosripitak)

နိုင်ငံတော်ဆိုင်ရာ တယ်လီဆက်သွယ်ရေးကော်မရှင်အဖွဲ့ဝင်

မွေးသက္ကရာဇ် - ၃၁ ဇူလိုင်လ ၁၉၄၁

ပညာရေး
  • နိုင်ငံရေးသိပ္ပံဘွဲ့ (ဂုဏ်ထူးဘွဲ့) ၊ ချူလာလွန်ခေါင် တက္ကသိုလ် (Chulalongkorn University) (၁၉၆၅)
  • ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအုပ်ချုပ်ရေး မဟာဘွဲ့ (ဂုဏ်ထူး) ၊ အမျိုးသားရေးရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအုပ်ချုပ်ရေးပညာဌာန  (NIDA) (၁၉၆၈)
  • M.A. (ဖရော်ရီဒါ တက္ကသိုလ် (University of Florida)) ၊ စာတိုက်နှင့်ကြေးနန်းဌာနအတွက် တော်ဝင်ထိုင်းအစိုးရပညာတော်သင်ဆု (၁၉၇၂)
  • ထိုင်းနိုင်ငံ၏ အမျိုးသားရေးရာကာကွယ်ရေးကောလိပ် (NDC 7)
အလုပ်အတွေ့အကြုံ
  • ကထိက ၊ အမျိုးသားရေးရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအုပ်ချုပ်ရေးပညာဌာန (NIDA) (၁၉၆၈ - ၁၉၇၂)
  • စာတိုက်နှင့်ကြေးနန်းဌာနထံ လွှဲပြောင်းခဲ့ပြီး အရေးကြီးရာထူးနေရာများထံ ခန့်အပ်ခံရ (၁၉၇၂)
  • အတွင်းရေးမှူးဌာန ၊ အစီအစဉ်ရေးဆွဲခြင်းဌာနဆိုင်ရာ ဒါရိုက်တာ
  • ရေဒီယိုအသံလှိုင်းစီမံခန့်ခွဲမှုအစိုးရဌာန၏ ဒါရိုက်တာ ၊ လက်ထောက်အထွေထွေဒါရိုက်တာ
  • အထွေထွေဒါရိုက်တာ ၊ စာတိုက်နှင့်ကြေးနန်းဌာန (၁၉၉၇ - ၂၀၀၁)
အထူးဂုဏ်ထူးဘွဲ့များ
  • ဧည့်သည်ပါမောက္ခ ၊ သတင်းပညာနှင့်အများပြည်သူဆက်သွယ်ရေးဌာန ၊ ထာန်မ်မာစတ် တက္ကသိုလ် (Thammasat University) (၁၉၉၆)
  • ထိုင်းနိုင်ငံ၏ အမျိုးသားရေးရာသုတေသနပြုကောင်စီမှ ဆုပေးထားသည့် အကောင်းဆုံးသုတေသနပြုစုသူအတွက်  တရားဝင်လက်မှတ် ၂ စောင် (၁၉၇၉ နှင့် ၁၉၈၂)
  • ထိုင်းနိုင်ငံ၏ တယ်လီဆက်သွယ်ရေးအစည်းအရုံးမှ ဆုပေးထားသည့် တယ်လီဆက်သွယ်ရေးတွင် အကောင်းဆုံးလူ (၂၀၀၀)
သင်တန်းများ နှင့် နှီးနှောဖလှယ်ပွဲများ
  • ဂျပန်နိုင်ငံမှ တယ်လီဆက်သွယ်ရေးစီမံခန့်ခွဲမှု သင်တန်း (၁၉၈၅)
  • တယ်လီဆက်သွယ်အရေးစီစဉ်ခြင်းနှင့် ဆုံးဖြတ်ချက်ပြုလုပ်ခြင်း သင်တန်း (USTTI) (၁၉၈၆)
  • တယ်လီဆက်သွယ်အရေးစီစဉ်ခြင်းနှင့် ဆုံးဖြတ်ချက်ပြုလုပ်ခြင်း သင်တန်း (USTTI) (၁၉၈၆)
  • တယ်လီဆက်သွယ်ရေးအား တရားဝင်ထိန်းသိမ်းသူအဖွဲ့အစည်း သင်တန်း ၊ ယူကေနိုင်ငံ (၁၉၉၃)
 အခြားအရေးပါသော အတွေ့အကြုံများ
  • နိုင်ငံတော်ဆိုင်ရာ ရေဒီယိုအသံလှိုင်းအား ချိတ်ဆက်ဆောင်ရွက်မှု နှင့် စီမံခန့်ခွဲမှုကော်မရှင်အဖွဲ့ဝင်
  • နိုင်ငံတော်ဆိုင်ရာ ရေဒီယို နှင့် တယ်လီဗေးရှင်းဝန်ဆောင်မှု ကော်မရှင်အဖွဲ့ဝင်
  • နိုင်ငံတော်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှု ကော်မရှင်အဖွဲ့ဝင်
  • ကိုယ်စားလှယ်များအကြီးအကဲချုပ်၊ ITU ၊ INTELSAT ၊ WTO ၊ APEC တို့၏ တယ်လီဆက်သွယ်ရေးအပေါ် နိုင်ငံတကာဆိုင်ရာ  ညီလာခံကိုယ်စားလှယ်
  • အချက်အလက်ကာကွယ်မှုဥပဒေအတွက် အထူးကော်မတီခွဲ၏ ဥက္ကဌ
အမြင်
          ပါမောက္ခ ဆတ်ထပွန် ကူစ်ရီပိတာခ် (Prof. Setthaporn Koosripitak) မှ သူ၏အမြင်ကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည် -

          “ဒစ်ဂျီတယ်တယ်လီဆက်သွယ်ရေးနည်းပညာတွင် အလျင်အမြန်ပြောင်းလဲခြင်းများနှင့် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်  နေခြင်းသည် တိုးမြှင့်သုံးစွဲလာကြသည့်ရေဒီယိုအသံလှိုင်းထုတ်လွှင့်မှုအပြင် 3G ခေတ်ကာလကို ချဉ်းကပ်လာနေသော မိုလ်ဘိုင်း ဖုန်းဝန်ဆောင်မှုနှင့် e-commerce ခေါ် အင်တာနက်ကုန်သွယ်မှုစသည့် တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုအသစ်များထံ ဦးဆောင်လာခဲ့ပြီ ဖြစ်တယ်။” – ဆတ်ထပွန် ကူစ်ရီမိတာခ် (Setthaporn Koosripitak)၊ စာတိုက်နှင့်ကြေးနန်းဌာန၏ အထွေထွေ ဒါရိုက်တာဟောင်း၏ အမြင်အချို့ကို ဖော်ပြထားသည်။

          မီဒီယာအမျိုးမျိုး မှ ဝန်ဆောင်မှုအမျိုးမျိုးဆီသို့ တယ်လီဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်မှုမှာ တရားဝင်လုပ်ခြင်း၊  လိုင်စင်ထုတ်ပေးခြင်း နှင့် သတိမမူဖြစ်သွားခြင်းအပေါ် ဝန်ဆောင်မှုအမျိုးအစားခွဲခြားခြင်းအတွက် စိန်ခေါ်မှုတစ်ရပ်ကို ဖန်တီးသွား ပါလိမ့်မည်။ WTO သဘောတူညီချက်နှင့်လိုက်၍ လက်ဝါးကြီးအုပ်ချုပ်မှုမှ ယဉ်ပြိုင်မှုစနစ်ဆီသို့ တယ်လီဆက်သွယ်ရေးဆိုင်ရာ  စီးပွားရေးရှိအပြောင်းအလဲများမှာ ယဉ်ပြိုင်မှုအပေါ်စည်းမျဉ်းစည်းကမ်းများလိုအပ်လာပါလိမ့်မယ်။ လက်ဝါးကြီးအုပ်ချုပ်မှုများနှင့် ပတ်သက်သည့် ဥပဒေများကိုလည်း ဖျက်သိမ်းသွားရမည်ဖြစ်ပြီး ဥပဒေများကိုလည်း ပြည်တွင်းနှင့်ကမ္ဘာ့ဆိုင်ရာယဉ်ပြိုင်မှုတို့ကို  မိတ်ဆက်ပေးသွားရန် ခွင့်ပြုပေးသွားရမည်။

          ထိုင်းနိုင်ငံ၏ တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကာလအတွင်း ဖွဲ့စည်းမှုအခြေခံဥပဒေအပိုင်း ၄၀ အရ၊ ထိုင်းနိုင်ငံတွင် တယ်လီဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုမှာ ရပ်ဆိုင်းနေပြီး အကျိုးသက်ရောက်မှုမရှိသော စည်းမျဉ်းမှ ရရှိလာသော ဝန်ဆောင်မှုပေးသူများအကြား ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ်နှင့် တရားမျှတမှုမရှိသောယဉ်ပြိုင်မှုတို့ရှိနေသည်ကို  အပြောင်းလဲသွားခဲ့သည်။ ၎င်းအခြေအနေတွင် အများပြည်သူ နှင့် ပုဂ္ဂလိကအခန်းကဏ္ဍများအကြား PPP သဘောတူစကားပြောဆို ခြင်းဖြစ်သည့် တယ်လီဆက်သွယ်ရေးကွန်ယက်ဈေးနှုန်းထားရှိခြင်းပြဿနာ နှင့် အကာအကွယ်မပေးထားသော ဝန်ဆောင်မှု အသုံးပြုသူအားဖြင့် တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကိုမညီမျှစွာရရှိခြင်း တို့လည်း ရှိခဲ့ပါသည်။

          ပြည်တွင်းနှင့်ကမ္ဘာ့အဆင့်တွင် ကတိပေးလုပ်ဆောင်မှုနှင့်ယုံကြည်မှုတို့ကို သေချာစေရန်၊ NTC သည် ခေတ်မီအလုပ် စီမံမှုစနစ်ကို သတ်မှတ်ခြင်း၊ ပွင့်လင်းမြင်သာမှုအခြေခံများကို လိုက်နာခြင်း၊ အလုပ်အကိုင်ပြောင်းလွယ်ပြင်လွယ်မှုကို တိုးမြှင့်ခြင်း၊  အလုပ်၌ တိုးမြှင့်ထားသည့်သတင်းအချက်အလက်ထုတ်ဖော်ချက်မှတဆင့် အစုရှယ်ယာဝင်များကိုင်တွယ်ခြင်းကို  အားပေးထောက်ပံ့ခြင်းဖြင့် အရည်အချင်းနှင့်ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်မှု နှင့် တီထွင်ဖန်တီးမှုတို့ကို ကိုတိုးချဲ့ခြင်းတို့ကိုလည်း  လုပ်ဆောင်သွားရမည်။ NTC အနေဖြင့်လည်း ထိုင်းနိုင်ငံရှိ အလားအလာကောင်းသော တယ်လီဆက်သွယ်ရေးဝန်ဆောင်မှုများကို  အားပေးတိုးချဲ့သွားရမည်။ NTC က တစ်နှစ်သာအတွင်းလုပ်နိုင်တာက၊ လွတ်လပ်ပြီးတရားမျှတသည့်ယဉ်ပြိုင်မှုကိုခွင့်ပြုပေးရန်၊  စားသုံးသူကာကွယ်ရေးစနစ်ကို ဖန်တီးရန်၊ ဈေးနှုန်းကိစ္စ ကွန်ယက်ချိတ်ဆက်မှုကို ဖြေရှင်းရန်၊ တယ်လီဆက်သွဝ်ရေးဝန်ဆောင်မှု  တွင် လွတ်လပ်မှုကို တိုးမြှင့်လာအောင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်သလို၊ စီးပွားရေးလုပ်ငန်းတွင်လက်ဝါးကြီးအုပ်ချုပ်မှုတို့ကို   ကြိုတင်ကာကွယ်သွားနိုင်ပါတယ်။

          သုံးနှစ်သာအတွင်း၊ NTC အနေဖြင့် သတိမမူမှုနှင့်လိုင်စင်လုပ်ခြင်းတို့အား ပိုမိုသင့်လျော်ပြီး အကျုံးဝင်ခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များကိုပြန်လည်စီစစ်ရန် ထည့်သွင်းစဉ်းစားရမည်။ ၎င်းသည် အများဆိုင်ရာစိတ်ဝင်စားမှုအတွက်  တယ်လီ ဆက်သွယ်ရေးဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို စီမံခန့်ခွဲရမည်ဖြစ်ပြီး၊ တယ်လီဆက်သွယ်ရေးနယ်ပယ်တွင်  လူထုဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားပေးသွားရမည်။ ငါးနှစ်သာအတွင်း၊ NCT ဖက်မှ တယ်လီဆက်သွယ်ရေးစက်မှုလုပ်ငန်း နှင့်  နည်းပညာပိုင်းရှိ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးသွားရန် နိုင်ငံတကာအဖွဲ့အစည်းများအပြင်၊ အများပြည်သူနှင့်  ပုဂ္ဂလိကအခန်းကဏ္ဍများအကြား လုပ်ငန်းဆောင်ရွက်မှုအတွက် စက်ယန္တရားတစ်ခုကို ထည်ဆောက်သွားရမည်။




 

បង្កើតឡើងដោយ  -   (12/07/19 10:16:35)