Banner

ကောဆောထောချောဌာန၏ ရာဇ၀င်


နိုင်ငံတော်အသံလွှင့်လုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်း ကော်မတီအဖွဲ့ (သို့) ကောဆောထောချော
          ၂၀၁၀ ခုနှစ် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့်လုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှု ကြီးကြပ်ရေးအက်ဥပဒေ အရ တည်ထောင်သော လွတ်လပ်သည့်အစိုးရအဖွဲ့အစည်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံအခြေခံဖွဲ့စည်းပုံအက်ဥပဒေ၏ ပုဒ်မ ၄၇ တွင် သတ်မှတ်ထားသည့် ဥပဒေအတိုင်း ဖြစ်စေရန်အတွက် တည်ထောင်ခြင်းဖြစ်၍ ထိုပုဒ်မထဲတွင် ညွှန်ပြထားသည့်
          ` ရေဒီယိုအသံလွှင့်ခြင်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးအတွက်အသုံးပြုသော အသံလိုင်းသည် အများအကျိုးအတွက်ဖြစ်သော နိုင်ငံတော်၏ သတင်းအရင်းအမြစ်ဖြစ်ပြီး အပိုဒ် ၁ အရ အသံလိုင်းစီမံပေးခြင်းနှင့် ရေဒီယိုအသံလွှင့်လုပ်ငန်း၊ ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှု ကြီးကြပ်ခြင်း တာဝန်ရှိသော လွတ်လပ်သည့်အစိုးရဌာနတစ်ခုတည်ထောင်ရန် ဤတွင် ဥပဒေမှသတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။ ´
          ကောဆောထောချောသည် ပြည်သူလူထုများ အကျိုးအများဆုံးရရှိစေရန် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့်လုပ်ငန်း ရေဒီယိုရုပ်မြင်သံကြား နှင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်မှု ကြီးကြပ်ရန်တာဝန်ရှိပြီး ၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်မှစ၍ လုပ်ငန်း၊ စည်းစိမ်ဥစ္စာ၊ အခွင့်အရေး၊ တာဝန်၊ အကြွေး၊ ၀န်ထမ်းနှင့်အလုပ်သမား နှင့်ခန့်မှန်းငွေများကို ကောဆောထောချောဌာနမှ လွဲအပ်လက်ခံရရှိသည့် အုပ်ချုပ်ရေးဌာနဖြစ်သော ကောဆောထောချောဌာန ရှိစေပြီး ကောဆောထောချော ခန့်အပ်၍မပြီးချိန်တွင် နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ (သို့) ကောထောချော အား ကောဆောထောချော ရာထူးအဖြစ် ကာလတစ်ခုအတွက်ပြဋ္ဌာန်းချက်အတိုင်း ဥပဒေမှ တာဝန်ထမ်းဆောင်စေရန် သတ်မှတ်ထားသည်။
မည်ကဲ့သို့ဖြစ်ပါစေ လွန်ခဲ့သော ၇ ရက် အောက်တိုဘာလ ၂၀၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများ ပုံစံပြည့်ဝစွာ ကြီးကြပ်စောင့်ရှောက်ရန်အာဏာရှိဖို့အတွက် ဥပဒေမှသတ်မှတ်ထားသော အချိန်အတွင်း အထက်လွှတ်တော်မှ ရွေးချယ်ဆုံးဖြတ်ခြင်းမပြုလုပ်မီ ဌာနအမျိုးမျိုးမှ ကျွမ်းကျင်သူများကို  ရှာဖွေခြင်းမှ ရွေးချယ်လာသော ကောဆောထောချောရာထူး ထမ်းဆောင်ရန် ဘုရင်မင်းမြတ်မှချီးမြှင့်ပေးခြင်းခံရသော ၁၁ ယောက်ပါရှိသည့် နိုင်ငံတော်အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ (သို့) ကောဆောထောချော ရှိလာသည်။
နောက်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် ကောဆောထောချောအစား လုပ်ငန်းဆောင်ရွက်ပေးသော ဌာနခွဲ ၂ ခု - အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း ကြီးကြပ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်သောလုပ်ငန်းတွင် အစားထိုးလုပ်ဆောင်သော `အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်းကော်မတီအဖွဲ့ (သို့) ကောဆောထော´ နှင့် ဆက်သွယ်ရေးလုပ်ငန်းကြီးကြပ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်သောလုပ်ငန်းတွင် အစားထိုးလုပ်ဆောင်သော `ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ (သို့) ကောထောခေါ´ ရှိရန် ဥပဒေမှ သတ်မှတ်ထားပြီး ကောဆောထော နှင့် ကောထောခေါ တို့သည် ကောဆောထောချော၏ ကော်မတီအဖွဲ့ခွဲ ဖြစ်သောကြောင့် မူဝါဒသတ်မှတ်ခြင်းနှင့် အရေးကြီးကိစ္စများ ဆုံးဖြတ်ချက်ချရာတွင် ကော်မတီ ၁၁ ယောက် စလုံးနှင့်ပူးပေါင်းတိုင်ပင်ပြီး ကောဆောထောချောဌာန၏ လူပုဂ္ဂိုလ်များကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ခြင်းများသည် ကောဆောထောချောလက်ထေက်မှ စောင့်ရှောက်သူဖြစ်မည်။
ထို့ကြောင့် ယနေ့တွင်ထိုင်းနိုင်ငံ၏အသံလိုင်းနှင့် အသံလိုင်းလုပ်ငန်း ရုပ်မြင်သံကြားလုပ်ငန်း နှင့် ဆက်သွယ်ရေးလုပ်ငန်းများသည် ပြည်သူလူထုအားအကျိုးအများဆုံးရှိစေသော နှင့် လွတ်လပ်တရားမျှတစွာ ယှဉ်ပြိုင်မှုရှိစေသော ကောဆောထောချော၏ကြီးကြပ်စောင့်ရှောက်ခြင်း ပုံစံသို့ ၀င်ရောက်ပြီဟု ပြောဆိုနိုင်သည်။
၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံအခြေခံအက်ဥပဒေ
၂၀၁၀ ခုနှစ် အသံလိုင်းစီမံခြင်းနှင့် ရေဒီယိုအသံလွှင့်လုပ်ငန်း ရေဒီယိုရုပ်မြင်သံကြားနှင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်မှု ကြီးကြပ်ခြင်းအဖွဲ့အစည်း အက်ဥပဒေ

Download

ဖန်တီးသူ  -   (17-01-2017 10:24:27)