Banner

ငွေကြေးမြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်းမူဝါဒဘောင်

ကောဆောထောချောနှင့် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့ ကြေညာသတ်မှတ်သည့် ကောထောပေါဆော်မှ ငွေကြေးမြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်းမူဝါဒဘောင်အောက်တွင် ကောထောပေါဆော်မှ ငွေကြေးမြှင့်တင်ခြင်းနှင့် ထောက်ပံ့ခြင်းတောင်းဆိုနိုင်သော စီမံကိန်းသည် ရန်ပုံငွေ၏ရည်ရွယ်ချက်နှင့်တစ်ချက်ချက် တူညီမှုရှိသော လုပ်ငန်းလုပ်ဆောင်ခြင်းပစ်မှတ်ရှိသော စီမံကိန်း(သို့)လှုပ်ရှားမှုဖြစ်ရန် သတ်မှတ်ထား၍ ကောဆောထောချောနှင့် ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ သတ်မှတ်သည့် စီမံခြင်းမူဝါဒဘောင်နှင့် ဆက်စပ်မှုရှိရမည်နှင့် ပြည်နယ်၏မူဝါဒ လမ်းစဉ်နှင့်ညီညွတ်မှုရှိရမည်။ ပြည်နယ်မူဝါဒလမ်းစဉ်များမှာ- 

  • ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့်ပြည်နယ်၏ အခြေခံမူဝါဒ သို့မဟုတ် ပါလီမန်လွှတ်တော်သို့ အစိုးရမှကြေညာသောမူဝါဒ
  • နိုင်ငံတော်စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးရေး အစီအစဉ်
  • အသံလိုင်းစီမံခန့်ခွဲခြင်းမော်ဒယ်အစီအစဉ်၊ အသံလွှင့်လုပ်ငန်းနှင့်ရုပ်မြင်သံကြားလုပ်ငန်း မော်ဒယ်အစီအစဉ်၊ ဆက်သွယ်ရေးလုပ်ငန်းမော်ဒယ်အစီအစဉ် သို့မဟုတ် ကျယ်ပြန့်စွာသော အခြေခံဆက်သွယ်ရေး လုပ်ငန်းဝန်ဆောင်မှုနှင့် လူထုအတွက်ဝန်ဆောင်မှုရှိစေခြင်းအစီအစဉ်
  • ကောထောပေါဆော်မူဝါဒနှင့် မဟာဗျူဟာမြောက်အစီအစဉ်

ထို့အပြင် ရန်ပုံငွေစီမံခန့်ခွဲခြင်း တောင်းဆိုသော စီမံကိန်း(သို့)လှုပ်ရှားမှုသည် ကောဆောထောချော၏ မော်ဒယ်အစီအစဉ်အတိုင်းလုပ်ငန်းလုပ်ဆောင်ခြင်းနှင့် ထပ်တူညီကျခြင်းမရှိရန်၊ အခြားနေရာမှ ထောက်ပံ့ငွေ လက်ခံခဲ့ဖူးခြင်းမရှိရန်နှင့် တောင်းဆိုမှုပြုလုပ်သော စီမံကိန်း(သို့)လှုပ်ရှားမှုသည် အသေးစိတ်များပြည့်စုံစွာ ရှိရပြီး အသံလွှင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းအပေါ် တိုက်ရိုက်အကျိုးပြုစေသော ရလဒ်နှင့် ပစ်မှတ်ရှိရန်နှင့် တောင်းဆိုမှုပြုလုပ်သောသူသည် တောင်းဆိုသောစီမံကိန်း(သို့)လှုပ်ရှားမှုလုပ်ငန်း လုပ်ဆောင်ခြင်းတွင် တိုက်ရိုက်တာဝန်ယူမှုရှိသူဖြစ်ရမည်။    

ဖန်တီးသူ  -   (25-05-2017 16:29:06)

Download

Page views: 463