X ဆက်သွယ်မှုထုတ်လွှင့်ရေးဝန်ဆောင်မှုစင်တာ (း TTRS)

X ဆက်သွယ်မှုထုတ်လွှင့်ရေးဝန်ဆောင်မှုစင်တာ ( TTRS)

Thai Telecommunication Relay Service (TTRS) Logo အကြားအာရုံချို့ယွင်းသူနှင့် အပြောအာရုံချို့ယွင်းသူအတွက် ဆက်သွယ်မှုထုတ်လွှင့်ရေးဝန်ဆောင်မှုစင်တာ တည်ထောင်ခြင်းသည် လူမှုရေးအတွက်အထူးဝန်ဆောင်မှုပြုလုပ်ခြင်း လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပြီး အကြားအာရုံချို့ယွင်းသူနှင့် အပြောအာရုံချို့ယွင်းသူများ လူမှုရေးတွင်ယေဘုယျပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရန်အတွက် ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု အသုံးပြုခြင်းအခွင့်အရေးရှိစေရန် မြှင့်တင်ခြင်းနှင့်ထောက်ပံ့ခြင်းတာဝန် ပြုလုပ်သည့် ကျယ်ပြန့်စွာသော ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုယူဆသည်။ အကြားအာရုံချို့ယွင်းသူသည် စကားပြောဆက်သွယ်ခြင်းတွင် ကန့်သတ်ချက်ရှိသောကြောင့် ပြုလုပ်နိုင်သည့် ဆက်သွယ်ခြင်းမှာ စာရေးခြင်း(သို့)လက်ဟန်ပြဘာသာစကားအသုံးပြုခြင်းဖြစ်ပြီး လက်ဟန်ပြဘာသာစကားကဲ့သို့ လက်ခံသူမရှိသော (သို့)လက်ခံသူမှ တိုက်ရိုက်ဆိုလိုလိုသော အကြောင်းအရာကို သဘောမပေါက်သော ဆက်သွယ်ရေးလုပ်ငန်း ပစ္စည်းကိရိယာမှတဆင့် ဆက်သွယ်ကြသည်။ ထို့ကြောင့် လက်ခံသူမှ နားလည်စေရန်အတွက် နှစ်ဖက်စလုံးနားလည်စေရန် ချိတ်ဆက်ပေးသော ကြားလူရှိခြင်းဖြစ်သည်။ ထိုနည်းတူစွာပင် အပြောအာရုံချို့ယွင်းသူသည် လည်း အသံဖြင့်ဆက်သွယ်မှု ပြုလုပ်ကြသည်။ မရှင်းလင်းသောအသံဖြစ်သောကြောင့် နားမလည်မှုဖြစ်စေသည်။ ထို့ကြောင့် စကားပြောသံကိုနားလည်သောနှင့် အခြားသူအားထိုစကားပြောသံ ပြန်လည်ရွတ်ရန်အတွက် ကြားလူ လိုအပ်ခြင်းဖြစ်သည်။

အကြားအာရုံချို့ယွင်းသူနှင့်အပြောအာရုံချို့ယွင်းသူဆက်သွယ်မှုထုတ်လွှင့်ရေးစင်တာသည် ပေးပို့သူနှင့် လက်ခံသူအကြား ဆက်သွယ်မှုထုတ်လွှင့်ခြင်း တာဝန်ပြုလုပ်ပြီး စကားပြောသံ၊ စာကြောင်းတို၊ အွန်လိုင်းစာ (သို့) လက်ဟန်ပြဘာသာဖြစ်နိုင်၍ အထူးထူးချွန်မှုရှိသော ဆက်သွယ်မှုထုတ်လွှင့်ခြင်း တာဝန်ရှိသူမှ ဆက်သွယ်မှုတွင် ကြားလူအဖြစ် ပြုလုပ်ပေးမည်။

Image result Image result Image result

အကြားအာရုံချို့ယွင်းမှုရှိသူနှင့် အပြောအာရုံချို့ယွင်းမှုရှိသူဆက်သွယ်ရေးထုတ်လွှင့်ခြင်း ၀န်ဆောင်မှုစင်တာ တည်ထောင်ခြင်းလုပ်ဆောင်ချက်နည်းလမ်းသည် နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဌာနမှ ဆက်သွယ်ရေးလုပ်ငန်းမော်ဒယ်အစီအစဉ် နံပါတ် ၂ (၂၀၀၈ - ၂၀၁၀ ခုနှစ်) ပြုလုပ်ပြီး ပစ်မှတ်ထဲမှတစ်ခုသတ်မှတ် ထားသည်မှာ ပြည်သူလူထုအားလုံးအား ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုသို့ ဒေသပိုင်းရှုထောင့်(သို့)လူမှုရေးပိုင်း ရှုထောင့်မဆို ကျယ်ပြန့်စွာဝင်ရောက်နိုင်ခြင်းဖြစ်၍ မဟာဗျူဟာနံပါတ် ၃ ခေါင်းစဉ် ကျယ်ပြန့်စွာသော အခြေခံ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုနှင့်လူထုဝန်ဆောင်မှုပျံ့နှံ့ခြင်း တွင်ဖော်ပြထားသည်မှာ ရပ်ဝေးကျေးလက်ဒေသ ပြည်သူလူထုနှင့် လူမှုရေးပိုင်းအခွင့်အရေးချို့တဲ့သူ ပစ်မှတ်အုပ်စုပြည်သူလူထုများ သင့်တော်သည့်အတိုင်း ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုသို့ ၀င်ရောက်နိုင်ခြင်းအခွင့်အရေးရှိစေခြင်း အခွင့်အရေးတည်ဆောက်ပေးရန် အတွက်နှင့် အခြေခံဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု ကျယ်ပြန့်စွာနှင့်ဖုံးလွှမ်းစွာ ပျံ့နှံ့မှုရှိစေခြင်း မြှင့်တင်ပေးခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် သတ်မှတ်ထားသည့်ပစ်မှတ်မှာ အကြားအာရုံချို့ယွင်းမှုရှိသူအတွက် ၀န်ဆောင်မှုပေးရန် ရှေ့ပြေးစီမံကိန်းနှင့်ရှေ့ပြေးပုံစံ Telecommunication relay services (TRS) စမ်းသပ်ခြင်းရှိမည်ဖြစ်ပြီး ဆက်သွယ်ရေးထုတ်လွှင့်ဝန်ဆောင်မှုပေးခြင်း စမ်းသပ်မှုရှိမည်။ (http://www.ttrs.or.th)

ထို့ကြောင့် နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဌာနမှ နိုင်ငံတော်အီလက်ထရောနစ် တက်နိုလော်ဂျီနှင့်ကွန်ပျူတာစင်တာနှင့် ပူးပေါင်းပြီး အကြားအာရုံချို့ယွင်းမှုရှိသူနှင့်အပြောအာရုံချို့ယွင်းမှုရှိသူအတွက် ဆက်သွယ်ရေးထုတ်လွှင့်ဝန်ဆောင်မှုပေးခြင်း လေ့လာပြီး အကြားအာရုံချို့ယွင်းမှုရှိသူနှင့်အပြောအာရုံချို့ယွင်းမှုရှိသူ အတွက် ဆက်သွယ်ရေးထုတ်လွှင့်ဝန်ဆောင်မှုစင်တာ တည်ထောင်ခြင်းအစီအစဉ်ပြုလုပ်ရန်အတွက်နှင့် ယေဘုယျလူကဲ့သို့ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု တန်းတူအသုံးမပြုနိုင်သော အကြားအာရုံချို့ယွင်းမှုနှင့် အပြောအာရုံချို့ယွင်းမှုရှိသော မသန်စွမ်းသူအုပ်စု တစ်စု၏ ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုအသုံးပြုခြင်း ကန့်သတ်ချက်၏ ကွာဟမှုကိုဖြည့်ဆည်းပေးမည့် နိုင်ငံတော်ဆက်သွယ်ရေးလုပ်ငန်းကော်မတီဌာန၏ ရည်ရွယ်ချက်အတိုင်း ဆက်သွယ်ရေးထုတ်လွှင့်ဝန်ဆောင်မှုစင်တာ
လုပ်ငန်းလုပ်ဆောင်ခြင်း နည်းလမ်းဖြစ်ရန်အတွက် ဖြစ်သည်။ ဤသည် ထိုမသန်စွမ်းသူအုပ်စုအား ယေဘုယျလူပုဂ္ဂိုလ်များနှင့်ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း အခွင့်အရေးဖွင့်ပေးခြင်းဖြစ်ပြီး ကျယ်ပြန့်စွာသောဝန်ဆောင်မှုအယူအဆအား လူတိုင်းရရှိမည့် အခြေခံ အခွင့်အရေးအတိုင်း လူတိုင်းအတွက်ဝန်ဆောင်မှုပေးခြင်းသို့ တန်းတူစွာဖုံးလွှမ်းစေသည်။

Image result

ရပ်ဝေးကျေးလက်ဒေသရှိပြည်သူလူထုများ၊ မသန်စွမ်းသူနှင့် လူမှုရေးပိုင်းအခွင့်အရေးချို့တဲ့သူများ လူထုအဆင့်တွင် တန်းတူစွာဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှု ၀င်ရောက်နိုင်ခြင်းနှင့်အသုံးပြုခြင်း အာမခံချက်ရှိ စေခြင်းအပြင် ဆက်သွယ်ရေးလုပ်ငန်းဝန်ဆောင်မှုနှင့် သတင်းအချက်အလက်သို့ ၀င်ရောက်ခြင်း တန်းတူညီမျှရှိခြင်း နှင့်ကဲ့ရဲ့ခြင်းလျှော့ချခြင်းတွင် အရေးကြီးထောက်ပံ့မှုတစ်စိတ်တစ်ပိုင်းဖြစ်စေပြီး ပူးပေါင်း၍တိုင်းပြည်၏ အခြေခံ ဆက်သွယ်ရေးလုပ်ငန်းကွန်ယက်ပိုင်း ပြုပြင်ပြောင်းလဲခြင်း ဖြစ်စေသည်။ ပို၍ကျယ်ပြန့်စွာနှင့်တန်းတူညီစွာ စီးပွားရေး နှင့်လူမှုရေးပိုင်း ဖွံ့ဖြိုးခြင်းဖြစ်ပေါ်စေမည့် ပို၍ပြည့်စုံစွာသော အမြန်နှုန်းဆက်သွယ်ရေးလုပ်ငန်းကွန်ယက်မှတဆင့် ပြည်နယ်ရုံးနှင့် ပုဂ္ဂလိကဌာန၏ ၀န်ဆောင်မှုပေးခြင်း အရည်အချင်းတိုးခြင်းနှင့် အရည်အသွေးအဆင့်မြှင့်တင်ခြင်းတွင် အစိုးရ၏မူဝါဒအတိုင်း ၀န်ဆောင်မှုရှိစေရန်ပြုလုပ်ခြင်း ရင်းနှီးငွေကို လျှော့ချပေးစေသည်။

Download

    1service-sms1.gif 2service-webchat2.gif 3service-webcam3.gif 4service-mobile4.gif 5service-kios5.gif 6service-emergency6.gif

ဖန်တီးသူ  -   (24-05-2017 13:49:33)

Download

Page views: 3085