1800 MHz လှိုင်းကြိမ်နှုန်း လေလံတင်ရောင်းဝယ်မှုပြီးဆုံး၊ ၈ ဘီလီယံဘတ်အထိစံချိန်ချိုး၊ AIS-TRUE ကုမ္ပဏီ လုပ်ပိုင်ခွင့်လိုင်စင်တစ်ခုစီရ၊

အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းဥက္ကဌ ( ရုပ်သံ လိုင်းဥက္ကဌ) လေတပ်ဗိုလ်ချုပ်မှူး ထရေ့စ် ဘွန်းဆီကပြောကြားသည်မှာ -
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် 1800 MHz လှိုင်းကြိမ်နှုန်း လေလံတင်ရောင်းဝယ်မှုသည် ကောင်းမွန်စွာပြီးဆုံးသွားကြောင်း၊အဆိုပါလေလံပွဲနှစ်ရက်ဆက်တိုက်ပြင်းထန်သောယှဉ်ပြိုင်မှုများဖြစ်သည်၊ ထိုင်းနိုင်ငံ၏လှိုင်းကြိမ်နှုန်းကိုအသုံးပြုလိုသောဆက်သွယ်ရေးစီးပွားရေးလုပ်ငန်းများ၏လိုအပ်ချက်ကိုဖေါ်
ပြစေသည်၊တိုင်းပြည်အားခေတ်မီဆက်သွယ်ရေးနည်းပညာကိုစတင်သောကောင်းမွန်သည့်နိမိတ်လက္ခဏာ ဖြစ်သည်အရည်အသွေးရှိသောဝန်ဆောင်မှုနှင့်တရားမျှတသောဈေးနှုန်းများမှပြည်သူတို့အကျိုးအမြတ်ရ နိုင်ပါသည်၊အစိုးရမူဝါဒ၏အခြေခံအဖြစ်ဒစ်ဂျစ်တယ်စီးပွားရေးအတွက်ဆက်သွယ်ရေးကွန်ယက်ကို ဖန်တီးစေသည်၊ထို့အပြင် လေလံပြုလုပ်ခြင်းမှနိုင်ငံတော်ဝင်ငွေအဖြစ်ဆောင်ရွက်စေနိုင်သည်။
 အမျိုးသားဆိုင်ရာ အသံ လွင့် လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်း ဒုဥက္ကဋ္ဌ (ရုပ်သံလိုင်း ဒုဥက္ကဋ္ဌ) ဒေါက်တာ ဆေတ်ဖုန်း မလီးဝမ်း က ဆက်သွယ်ရေးလုပ်ငန်း ဥက္ကဋ္ဌအနေဖြင့် ပြော ကြားသည်မှာ-
ရုပ်သံလိုင်းကြေညာချက်အရ  1800 MHz လှိုင်းကြိမ်နှုန်း လေလံတင်ဝယ်ယူမှုရလဒ်သည်၊ စည်းမျဉ်း စည်းကမ်း နှင့်လုပ်ထုံးလုပ်နည်းများအရ 1800 MHz လှိုင်းကြိမ်နှုန်းအတွက် လေလံတင်ဝယ်ယူပွဲသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီအချိန်တွင်စတင်ပြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် ၁၉.၀၅ နာရီအချိန်တွင်ပြီးဆုံးသွားသည်။လေလံထုရိုက်ကြိမ်သည် ၈၆ ကြိမ်ဖြစ်ပြီး၊လှိုင်းကြိမ်နှုန်း နှစ်ခု၏ စုစုပေါင်းလေ လံတန်ဖိုးမှာ ဘတ်သန်းပေါင်း ၈၀၇၇၈ ဖြစ်ပြီး၊ လှိုင်းကြိမ်နှုန်းတစ်ခုစီ၏ လေလံအနိုင်ရ သူမှာ အောက်ပါ အတိုင်းဖြစ်သည်။
    ၁. ပထမစုံ၊ 1710-1725 MHz နှင့် 1805-1820 MHz တွဲလျှက် လေလံအနိုင်ရသူမှာ ထရူးမူး(ဗ်) အိပ်ခ်ျ ယူနီဗာရှယ် ကွန်မြုနီကေးရှင်း ကုမ္ပဏီ လီမီတက်၊ (True move H Universal Communication Co. Ltd)၊ နောက်ဆုံးကမ်းလှမ်းသောဈေးနှုန်း ဘတ်သန်းပေါင်း ၃၅,၇၉၂ ဘတ်၊
   ၂. ဒုတိယစုံ၊ 1725-1740 MHz နှင့် 1820-1835 MHz တွဲလျှက် လေလံအနိုင်ရသူမှာ အက်ဝန့် ဝှိုင်းလက်စ် နက်ဝေါက် ကုမ္ပဏီ လီမီတက် ADVANCED WIRELESS NETWORK CO.,LTD၊ နောက်ဆုံးကမ်းလှမ်းသောဈေးနှုန်း ဘတ်သန်းပေါင်း ၄၀,၉၈၆ ဘတ်၊
         လေလံပွဲအနိုင်မရသောသူများမှာ ဂျဲ့စ်မိုးဘိုင်း ဘရော့ ဘန်း (JAS Mobile Broadband) ကမ္ပဏီ လီမီတက်၊ နှင့်နောက်ဆုံးကမ်းလှမ်းသော လှိုင်းကြိမ်နှုန်းမှာ ပထမ စုံဖြစ်ပြီး၊ ဘတ်သန်းပေါင်း ၃၈,၉၉၆၊နှင့် တီထက် ထရိုင်နက် ကုမ္ပဏီ လီမီတက် (Dtac Trinet Co Ltd.) နှင့် နောက်ဆုံးကမ်းလှမ်းသော လှိုင်းကြိမ်နှုန်း မှာ ပထမစုံဖြစ်ပြီး၊ ဘတ်သန်းပေါင်း ၁၇,၅၀၄၊ဖြစ်သည်။
       တယ်လီကွန်းဆက်သွယ်ရေးကော်မရှင်မှ 1800 MHz လှိုင်းကြိမ်နှုန်း လေလံတင်ရောင်းချမှု၏ ရလဒ် များနှင့် 1800 MHz လှိုင်းကြိမ်နှုန်း လေလံတင်ရောင်းချမှုပြီးဆုံးကြောင်း ကြေညာအပ်ပါသည်။
အမျိုးသားဆိုင်ရာအသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ်ငန်း အတွင်း ရေးမှူး (ရုပ်သံလိုင်း ၏အထွေထွေအတွင်းရေးမှူး) ဦးထာကွန်း တန်တဆစ် ကပြောကြားသည်မှာ -
1800 MHz လှိုင်းကြိမ်နှုန်းလိုင်စင်နှစ်ခုစလုံးအတွက်သက်တမ်း ၁၈ နှစ်စီရှိကြသည်၊ ဤအဆင့်မှစပြီး၊ ဆက်သွယ်ရေးလုပ်ငန်းကော်မီရှင်မှလေလံပွဲရလဒ်များကိုတရားဝင်အတည်ပြုအစည်းအဝေးတစ်ခုရှိမည် ဖြစ်ပြီး၊ ရုပ်သံလိုင်းရုံးက ၇ ရက်အတွင်းတရား ဝင်ကြေညာမည်ဖြစ်သည်၊ ၄င်းနောက် လေလံပွဲဝင် ရောက်ထု ရိုက်သူ များသည် လိုင်စင်ရရန်သတ်မှတ်ထားသောစည်းကမ်းချက်အရ မှန်ကန်ပြည့်စုံစွာ ဆောင်ရွက်ပြီး နောက် လေလံ ပွဲရ လဒ်အကြောင်းကြားစာလက်ခံရရှိပြီး (၉၀) ရက်အတွင်း ရုပ်သံလိုင်းရုံးက 1800 MHz လှိုင်းကြိမ် နှုန်းလိုင်စင်နှင့် ဆက်သွယ်ရေးဆိုင်ရာလိုင်စင်အမျိုးအစား(၃)ကိုထုတ်ပေးမည်၊ 
        1800 MHz လှိုင်းကြိမ်နှုန်းအတွက်တွင် ရုပ်သံလိုင်းက လိုင်စင်၏နောက်ဆုံးတွင်သုံးစွဲသူများအတွက် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာစည်းကမ်းချက်များသတ်မှတ်ထားမည်၊ လိုင်စင်လက်ခံရရှိသူအား ၄ နှစ်အတွင်း ပြည်သူလူထု ၄၀% ပျံ့နှံ့စေရန်ကွန်ယက်တိုးချဲ့ရမည်၊ ၄င်းနောက် ၈ နှစ်အတွင်း လူဦးရေ ၅၀%အထိ လွှမ်းခြုံ စေရန်တိုးချဲ့ပေးရမည်။ 4G ဝန်ဆောင်မှုနှုန်းမှာ လက်ရှိဝန်ဆောင်မှုပေးနေသော 2.1 GHz လှိုင်းကြိမ်နှုန်းရှိ 3G ဝန်ဆောင်မှု နှုန်းထက်ဈေးသက်သာစေရမည်ဖြစ်သည်။
ထို့အပြင်လုပ်ငန်းလိုင်စင်ရရှိသူသည် မသန်စွမ်းသူ၊ ချို့တဲ့သူများနှင့်ဝင်ငွေတစ်လလျှင် ဘတ် ၁၀၀၀၀ ထက်နည်းသူများအတွက်Package ဈေးနှုန်းစီစဉ်ထားရမည်၊လိုင်စင်ရရှိသူသည်ဆက်သွယ်ရေး ကော်မီရှင်အား  ဝန်ဆောင်မှုလုပ်ငန်းမစမီနှင့်ဝန်ဆောင်မှုစပြီး၊တစ်နှစ်အတွင်း စီမံကိန်းပို့ပေးရမည်။
ဤအကြိမ် 1800 MHz ၏ လှိုင်းကြိမ်နှုန်းလေလံတင်ရောင်းချမှုသည် စင်ကြယ်ပွင့်လင်း၊ ရိုးသား စွာဖြင့် ပြည်သူလူထုနှင့်တိုင်းပြည်အကျိုးစီးပွားအတွက်အပါအဝင်၊ ဆက်သွယ်ရေးစက်မှုလုပ်ငန်း အတွင်း လွတ်လပ် ပြီး၊ တရားမျှတသောယှဉ်ပြိုင်မှုဖြစ်စေရန်ဆောင်ရွက်ခြင်းဖြစ်သည်၊" ဟု မစ္စတာ Thakorn ကဆိုသည်။

ဖန်တီးသူ  -   (24-05-2017 21:38:22)

Download

Page views: 2980