CLMV နိုင်ငံလေးနိုင်ငံများနှင့်အတူ ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးကိုရင်ဆိုင်ဖြေရှင်းရန် အတူလက်တွဲသွားခြင်း


     အလုပ်သမားဝန်ကြီးဌာနအနေဖြင့် CLMV နိုင်ငံလေးနိုင်ငံနှင့်အတူ  ရွှေ့ပြောင်းအလုပ်သမားတို့၏အခွင့်အရေးများကို ကာကွယ်ရန် နှင့် လူကုန်ကူးမှုကိုတားဆီးနိုင်စေရန်အတွက် MOUs သဘောတူညီမှုလက်အောက်တွင် နိုင်ငံတစ်နိုင်ငံအတွင်း တရားဝင်နိုင်ငံခြားသားအလုပ်သမားများကိုခေါ်ဆောင်လာရန် နှင့် လူကုန်ကူးခြင်းကိုတားဆီးရန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ပြီး၊ ၎င်းပြဿနာအတွက်ဖြေရှင်းသွားရန် အတူလုပ်ဆောင်သည့်အဖွဲ့တစ်ဖွဲ့ကိုလည်း တည်ထောင်သွားမည်။ ဝန်ကြီးဌာနသည် အလုပ်နေရာများကိုလည်ပတ်ခြင်း၊ အလုပ်အခြေအနေများကိုလေ့လာကြီးကြပ်ခြင်း၊ နှင့် ရေတို နှင့် ရေရှည်- လမ်းစဉ်ဦးဆောင်မှုများအပြင် လုပ်ငန်းဆောင်ရွက်မှုအရိပ်နိမိတ်များကိုလည်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားရန် ပြင်ဆင်ထားပါသည်။

     အလုပ်သမားရေးရာဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူနှင့် ကြီးကြပ်ရေးမှူး၊ မစ်စတာ ထီးရပိုလ် ကွန်မူအန်ဂ် (Mr. Theerapol Koonmueng) က၊ “အလုပ်သမားရေးရာဝန်ကြီး၊ ဗိုလ်မှူးချုပ် စီရီချိုင် ဒိထ်တကူလ် (General Sirichai Dittakul) အနေဖြင့် ထိုင်းနိုင်ငံ၏စက်မှုဆိုင်ရာစီးပွားရေးကို အထူးအထောက်အကူပြုပေးနေကြသော ရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ခြင်းဖြင့် လူကုန်ကူးမှုကို ဟန့်တားသွားရန် ခိုက်မာစွာကတိပေးခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့်လည်း အလုပ်သမားများအားပြည်ပပို့ဆောင်သည့်နိုင်ငံများဖြစ်သည့် CLMV နိုင်ငံများနှင့်အတူ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် နှင့် အစိုးရ၏လုပ်ဆောင်မှုများအကြောင်း ပိုမိုကောင်းမွန်သောနားလည်မှုတစ်ခုကိုဖန်တီးသွားရန် မှန်ကန်သောတိုင်းတာမှုများနှင့် ကြိုတင်ကာကွယ်မှုများကိုတည်ဆောက်သွားရန် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ပြောကြားခဲ့သည်။
    
     လွန်ခဲ့သောနှစ်အနည်းငယ်ကျော်က၊ အလုပ်သမားရေးရာဝန်ကြီးဌာန၊ အလုပ်သမားရေးရာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စီရီချိုင် ဒိထ်တခိုလ် (General Sirichai Dittakul) မှ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ နှင့် လာအို နိုင်ငံလေးနိုင်ငံမှ သံအမတ်များကို ဖိတ်ခေါ်၍ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏အလုပ်အခြေအနေအကြောင်း အချက်အလက်နှင့်ထင်မြင်ချက်များကိုရယူရန်ဆောင်ရွက်ခဲ့သော စင်တင်ဘာလ ၂၀၁၅ ခုနှစ်မှ အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးပြီးနောက် တိုးတက်မှုများအပေါ် လိုက်လံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ အစည်းအဝေးသည် နိုင်ငံများအတွင်းပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့သည့်အပြင်၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် အခြေအနေများ၊ အလုပ်အကိုင်ကာကွယ်မှု၊ နှင့် ရေတို နှင့် ရေရှည်နှစ်ရပ်လုံးတွင် အလုပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းဗျူဟာရေးဆွဲမှုတို့ပါဝင်သည့် သင့်လျော်သောအကြောင်းအရာများအပေါ် နည်းလမ်းများရှာဖွေခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှု အလုပ်လုပ်မည့်အဖွဲ့တစ်ဖွဲ့ကိုဖော်ဆောင်ရာသည့်အကြောင်းအရာကို ဆွေးနွေးခြင်းအတွက် လုပ်ထုံးလုပ်နည်းတစ်ရပ်ကို တည်ဆောက်လျက်၊ လူကုန်ကူးမှုတရားခံအဖြစ်မဟုတ်စေပဲ၊ သတ်မှတ်ထားသောဥပဒေအတိုင်း၊ အကျိုးသက်ရောက်မှုများကို  ခေါ်ဆောင်လာပေးမည်ဖြစ်သော MOUs သဘောတူညီမှုလက်အောက် တရားဝင်နိုင်ငံခြားသားအလုပ်သမားကို ပြည်တွင်းသို့  ခေါ်ဆောင်လာခြင်းအပေါ် ပူးပေါင်းမှုအတွက် ဝန်ကြီးဌာနမှတင်ပြထားသော လမ်းစဉ်တစ်ရပ်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

     အစည်းအဝေးမှာ ၎င်းသံရုံးလေးရုံးနှင့် အလုပ်သမားရေးရာဝန်ကြီးဌာနတို့မှ အလုပ်သမားများ၏နေထိုင်မှုအပြင် အလုပ်အကိုင်နှင့် အလုပ်အခြေအနေများကို လေ့လာကြည့်ရှုသွားရန် ပူးပေါင်းလည်ပတ်သွားမည့် နေရာများကို ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဤအစည်းအဝေးတွင် ထိုင်းအလုပ်ရှင်များနှင့် နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအကြား ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများအပြင်၊ သတင်းဌာန နှင့် အများပြည်သူထံ မှန်ကန်သောနားလည်မှုအတွက် အချက်အလက်များကို  ရှာဖွေဖော်ပြသွားခြင်းနည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသေးသည်။ MOUs သဘောတူညီချက်များအတွက်၊ နှစ်ဦးနှစ်ဖက် ပါဝင်သောပါတီဝင်များအနေဖြင့်လည်း တိကျခိုင်မာသောရလဒ်များကိုရယူနိုင်ရန် လုပ်ဆောင်မှုအချက်အလက်များကို ဆုံးဖြတ်၍ လုပ်ဆောင်မှုအစီအစဉ်တစ်ခုကို ပူးပေါင်းဖန်တီးသွားပါလိမ့်မည်။

     သံအမတ်လေးဦးအနေဖြင့် ဝန်ကြီးဌာန၏ကမ်းလမ်းချက်များကို သဘောတူညီခဲ့ပြီး ကမ်းလမ်းချက်များအတိုင်း နိုင်ငံအားလုံးအတွင်းပါဝင်သည့် လူထုကိုအကျိုးသက်ရောက်စေရန် စိတ်ပါလက်ပါပူးပေါင်းဆောင်ရွက်သွားကြမည့်လိုလျားမှုကို  ဖော်ပြခဲ့ကြသည်။

 

ဖန်တီးသူ  - Supawan  Sittipanya (01-07-2019 15:31:08)

Download

Page views: 397