NBTC ရုပ်သံလိုင်း၏ ၅ နှစ်မြောက် လှိုင်းကြိမ်နှုန်းဆိုင်ရာ တာဝန်ခွဲဝေပေးခြင်းနှင့်မံခန့်ခွဲမှုအရ ကြိုးစား အားထုတ်ဆောင်ရွက်မှု၊ တိုင်းပြည်အား ဒီဂျစ်တယ်ဆက်သွယ်ရေးစနစ်သို့အကောင်အထည်ဖော် ဆောင် ရွက်ရေး၊ ဒစ်ဂျစ်တယ်စနစ် မြေပြင်ရုပ်သံသို့ အသွင်ကူးပြောင်းရေး၊ အသံလွှင့်လုပ်ငန်း၊ ရုပ်သံလွှင့်လုပ်ငန်း နှင့်ဆက်သွယ်ရေးလုပ်ငန်းအသုံးပြုသူများအတွက် ကာကွယ်စောင့်ရှောက်မှုပေးရေး
အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းဥက္ကဌ ( ရုပ်သံ လိုင်းဥက္ကဌ) လေတပ်ဗိုလ်ချုပ် ထရေ့စ် ဘွန်းဆီကပြောကြားသည်မှာ -
ယနေ့ အောက်တိုဘာခ ၇ ရက်၊ ၂၀၁၆ ခုနှစ်တွင် ရုပ်သံလိုင်း၏ ၁၁ ဦးဘုတ်အဖွဲ့၏ ရုပ်သံလိုင်း ရာထူးခန့် အပ်ခံခြင်းအမိန့်ပြန်တမ်းကိုလက်ခံရရှိသော ၅ နှစ်မြောက်နေ့ဖြစ်ပါကြောင်း၊ NBTC ရုပ်သံ လိုင်းသည် နိုင်ငံလုံးဆိုင်ရာ အမျိုးသားအသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေး လုပ်ငန်းများကိုကြီးကြပ်ကြည့်ရှုရန်တာဝန်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုပ်သံလိုင်းသည် ၂၀၁၀ ခုနှစ်၊ အမျိုးသား အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများဆိုင်ရာ ကြိမ်နှုန်း ခွဲဝေရေး အက်ဥပဒေအောက်တွင်ထူထောင်ထားတဲ့လွတ်လပ်သောအဖွဲ့အစည်းဖြစ်ကြောင်း၊ အဆိုပါ ဥပဒေ သည် ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၄၇ နှင့်အညီ ပြဌာန်းထားသည်မှာ- အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင်အသုံး ပြုသောလှိုင်းကြိမ်နှုန်း သည် အများပြည်သူအကျိုးအတွက် အမျိုးသားရေးဆက်သွယ်ရေးအရင်းအမြစ်များ ဖြစ်သည့်အတွက်၊ လွတ်လပ်သောအစိုးရအဖွဲ့အစည်းမှ ကြိမ်နှုန်းခွဲဝေရေးများတွင်ဥပဒပြဌာန်းချက်အရတာဝန်များဆောင်ရွက် ပေးရေးများလိုအပ်ကြောင်း၊ပြောကြားသွားသည်။
လွန်ခဲ့သော ၅ နှစ်ကာလတွင် NBTC ရုပ်သံလိုင်းသည် ဥပဒေအရနှင့်သတ်မှတ်ပေးထား သော တာဝန် အောက်တွင်ဆောင်ရွက်ရသည်။ အသံလွှင့်လုပ်ငန်းနှင့်ရုပ်သံလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု မာစတာ အစီအစဉ်  (၂၀၁၂-၂၀၁၆ ခုနှစ်)နှင့် ဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုမာစတာအစီအစဉ်  (၂၀၁၂-၂၀၁၆ ခုနှစ်)၊ ကန်ထရိုက်တာခွင့်ပြုမှုသက်တမ်းကုန်ဆုံးသော 1800 MHz နှင့် 900 MHz လှိုင်းကြိမ်နှုန်း မှ မိုဘိုင်းဖုန်းအသုံးပြုသူများအားဆက်လက်အသုံးပြုနိုင်စေရန်အတွက်၊ကာကွယ်စောင့်ရှောက်ရေးများဆောင်ရွက်မှု၊ထို့အပြင် ထိုင်းနိုင်ငံ၏ အနာလောက်(Analog) စနစ် မြေပြင်ရုပ်မြင်သံကြားမှ ဒစ်ဂျစ်တယ်စနစ်သို့ အသွင် ကူးပြောင်းလဲရေးကာလအရဆောင်ရွက်မှု၊ 4G န်ဆောင်မှုများပေးနိုင်ရေးအတွက်  1800 MHz နှင့် 900 MHz လှိုင်းကြိမ်နှုန်း လေလံတင်ပွဲစီစဉ်ဆောင်ရွက်မှုများကိုဥပဒေအရ ဆောင်ရွက်ခဲ့ရသည်။
သုံးစွဲသူကာကွယ်စောင့်ရှောက်ရေးပိုင်းတွင်၊ ရုပ်သံလိုင်းရုံးသည် ဥပဒေနှင့်ဆန့်ကျင်နိုင်သောရေဒီယို နှင့်ရုပ်မြင်သံကြား အကြောင်းအရာများနှင့်သုံးစွဲသူအားထိခိုက်စေ လိမ့်မည့်အကြောင်းအရာများ၊သင့်လျော် မှုများစစ်ဆေးစောင့်ကြည့်ရန်စင်တာကိုတည်ထောင်ထားသည်၊ ထိုင်းလူမျိုးများ အကျိုးရှိသော ဒေတာ အချက်အလက်များဝင်ရောက်ခွင့်ရှိရန်၊ အခမဲ့တီဗွီလိုင်းများ Must Carry နှင့် Must Have မှတဆင့်ကြည့်ရှု အားပေးရန် အကြောင်းအရာများသတ်မှတ်ထားသည်၊ ဆက်သွယ်ရေးလုပ်ငန်းများဘက်တွင်2.1 GHz 1800 MHz နှင့် 900 MHz စနစ်မိုဘိုင်းဖုန်းဝန်ဆောင်မှု၏ ရုပ်သံထုတ်လွှင့်မှုအရည်အသွေး(Signal quality)နှင့်ဝန်ဆောင်ခနှုန်း များကိုရုပ်သံလိုင်းရုံးမှသတ်မှတ်ထားသည့်အတိုင်း ဟုတ်မဟုတ်စစ်ဆေး ကြည့်ရှုပေးသည်၊ 2.1 GHz လှိုင်း ကြိမ်နှုန်းမိုဘိုင်းဖုန်းဝန်ဆောင်မှု၏အသံဆိုင်ရာဝန်ဆောင်ခမှာ တစ်မိ နစ်လျှင် ၀.၈၂ ဘတ်ထက်မကျော်စေရ၊
ဒေတာအချက်အလက် (Data) ဆိုင်ရာဝန်ဆောင်ခမှာ ၀.၂၈ ဘတ်/ MB SMS တွင်တစ်မိနစ်လျှင် မက်ဆေ့ခ်ျအတွက် ၁.၃၃ ဘတ်ထက်မကျော်စေရ၊ MMS အတွက် ၃.၃၂ ဘတ်ထက်မကျော်စေရ၊1800 MHz နှင့် 900 MHz လှိုင်းကြိမ်နှုန်းမိုဘိုင်းဖုန်းဝန်ဆောင်မှု၏အသံဆိုင်ရာဝန်ဆောင်ခမှာ တစ်မိနစ်လျှင် ၀.၆၉ ဘတ်ထက်အောက်ရှိရမည်၊ ဒေတာအချက်အလက် (Data) ဆိုင်ရာ ဝန်ဆောင်ခမှာ ၀.၂၆ ဘတ်/ MB SMS တွင်တစ်မိနစ်လျှင် မက်ဆေ့ခ်ျအတွက် ၁.၁၅ ဘတ်အောက်နိမ့်ရမည်၊၊ MMS အတွက် ၃.၁၁ ဘတ်အောက်နိမ့် ရမည်၊ ပြဿနာတစ်ခုဖြစ်ပေါ်လာလျှင်၊ သုံးစွဲသူအား၊ကာကွယ်စောင့်ရှောက်ရေးလည်းပါဝင်သည်၊ ဥပမာ- ဖုန်းအလွန်အကျွံသုံးမှုကြောင့် (Bill Shock)ဖြစ်ခြင်း၊လိုင်းရွှေ့ပြောင်း၍မရခြင်းနှင့်ဖုန်းလိုင်းကျခြင်း များ စသည်တို့ဖြစ်သည်။
အနာဂတ်တွင် ရုပ်သံလိုင်းသည် လွတ်လပ်သောအဖွဲ့အစည်းတည်ထောင်မှုအောင်မြင်ရန်အတွက်
တာဝန်ကိုဆက်လက်ဆောင်ရွက်ပါလိမ့်မည်၊ ဆိုလိုချက်မှာ အဖွဲ့အစည်းများတည်ထောင်ရာတွင် ဥပဒေ၏ ရည်ရွယ်ချက်အတိုင်းလိုက်နာရန်ဖြစ်ပါသည်။ အသံလွင့်လုပ်ငန်း၊ ရုပ်မြင်သံကြားလုပ်ငန်းနှင့် ဆက်သွယ် ရေး လုပ်ငန်းများဆိုင်ရာ လှိုင်းကြိမ်နှုန်းများခွဲဝေရာတွင် တိုင်းပြည်၊နိုင်ငံနှင့် အများပြည်သူအားပိုမိုအကျိုး သက် ရောက်မှုအမြင့်ဆုံးကျရောက်စေရန် ဝေမျှဆောင်ရွက်ပါမည်ဖြစ်သည်။
 အမျိုးသားအသံလွင့်လုပ်ငန်း၊ရုပ်မြင်သံကြားလုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်း အတွင်းရေးမှူး (ရုပ်သံလိုင်း၏ အထွေထွေအတွင်းရေးမှူး) ပြောကြားချက်အရ NBTC ရုပ်သံလိုင်းတည်ထောင်သောနေ့ ၏ရုပ်သံလိုင်း အခမ်းအနားတွင် ထိုင်းနိုင်ငံဘုရင်၊မဟာချူလာလောင်ကွန်(ပဉ္စမမြောက်ရာမဘုရင်) နှင့်တော် ဝင်မျိုးရိုးဗီဇ စာရင်းဝင်အထိမ်းအမှတ်ရုပ်တုတော်အားဆက်ကပ်လှူဒါန်းခြင်း၊ယစ်ပူဇော်မှုများပြုလုပ်ခြင်းနှင့် ချိုင်းမုန်းခုန်း ဝိဥာဏ်တော်ကိုးကွယ်မှုများ၊ပြုလုပါခြင်းအခမ်းအနားတွင် ရုပ်သံလိုင်း၊ ရုပ်သံလိုင်း၏ အလုပ်အ မှုဆောင်ရုံးမှ အခမ်းအနားနှင့်အတူဆက်နွယ်ပတ်သက်သောဝန်ထမ်းများပါဝင်ဆောင်ရွက်မည်ဖြစ်သည်။
ဖန်တီးသူ  -   (24-05-2017 16:01:53)
Download
Page views: 490