The digital economy: ITU Telecom World 2016 ပြပွဲမှ driving industry 4.0

ITU Telecom World 2016 ပြပွဲ၏နောက်ဆုံးနေ့ (နိုဝင်ဘာလ ၁၇ ရက် ၂၀၁၆)တွင်  “The digital economy: driving industry 4.0” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲတွင်၊ နိုင်ငံတကာ တယ်လီကွမ်ဆက် သွယ်ရေး၏အထွေထွေအတွင်းရေးမှူး၊ မစ္စတာ ဟူးလင်း ဆောင်း(ဝ်) (Mr. Houlin Zhao, Secretary General, ITU) က ဒီဒစ်ဂျစ်တယ်စီးပွားရေး၏ အဓိကသော့ချက်သည်အိုင်စီတီဖြစ်သည် ဟုပြောကြားသည်၊ လုပ်ငန်းအမျိုးမျိုးကိုမြှင့်တင်ပေးနိုင်သည်၊ ဥပမာ- ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး စသည်တို့သည်ပြည် သူလူထုအား လူနေမှုဘဝပိုမိုကောင်းမွန်စေနိုင်သည်၊သို့သော် ကနဦးတွင်အခြေခံအဆောက်အဦရင်းနှီးမြှုပ် နှံမှုရှိရန်လိုအပ်သဖြင့်ရင်းနှီးမြှုပ်နှံမှုငွေသုံးရမည့်အပြင်မဟာပျူဟာ(သို့) အမျှော်အမြင်ရှိရမည်။

ITU အထွေထွေအတွင်းရေးမှူးက နမူနာအရပြောပြသည်မှာ - လွန်ခဲ့သော ၂၀၀၄ ခုနှစ်က အာဖရိ ကနိုင်ငံက ပြည်သူပြည်သားများသည်၊ တယ်လီဖုန်းဝန်ဆောင်မှုကို ၄% သာဝင်ရောက်ခွင့်ရှိသည်၊ ထို့ကြောင့် ၂၀၁၀ ခုနှစ်တွင် ဝင်ရောက်နိုင်ခွင့် ၁၀% အထိတိုးမြှင့်နိုင်ရန်ရည်မှန်းထားသည်မှာ လွယ်ကူ သော အမှုမဟုတ်သော်လည်း၊လက်တွေ့ဆောင်ရွက်သည့်အခါ၊ လူအမြားကဏ္ဍ အသီးသီးပါဝင်ဆောင် ရွက်မှုကြောင့် ၂၅%အထိ တိုးမြှင့်နိုင်သည်။ အလားတူစွာ မြန်မာနိုင်ငံ ၂၀၁၁ ခုနှစ်တွင်၊ တယ်လီဖုန်း ဝန်ဆောင်မှုကို ၅% သာဝင်ရောက်ခွင့်ရှိပြီး၊ ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်နိုင်ခွင့် ၅၀% အထိတိုး မြှင့်နိုင်ရန် ရည်မှန်းထားသည်၊ တယ်လီဖုန်းဆက်သွယ်ရေးအတွက်ယှဉ်ပြိုင်မှုရှိသင့်ကြောင်းအကြံပြုသဖြင့် ယနေ့ ကာလ တွင် တယ်လီဖုန်းဝန်ဆောင်မှုဝင်ရောက်နိုင်ခွင့် 70% တိုးမြှင့်လျှက်ရှိသည်။     

ဤသို့အလုံးစုံဖေါ်ပြမှုသည်အခြေခအဆောက်အအုံများရင်းနှီးမြှုပ်နှံမှုတွင် လူပေါင်းမြောက်များစွာ ဝင်ရောက်ခွင့်မရှိသေးသော်လည်း၊ မဟာဗျူဟာနည်းပျူဟာနှင့်အမျှော်အမြင်ရှိလျှင်၊ သက်ဆိုင်ရာကဏ္ဍ အားလုံးက ပူး ပေါင်းဆောင်ရွက်မှုရှိလျှင်ရည်မှန်းချက်သို့ အောင်မြင်မှုရရှိနိုင်သည်။

ကမ္ဘာ့ဘဏ်မှ အိုင်စီတီမူဝါဒကျွမ်းကျင်သူ မစ် နာတာဆာ ဘေစ်ချွန်နာ  (Ms.Natasha Beschorner, Senior ICT Policy Specialist, The World Bank ) ပြောကြားသည်မှာ - ကမ္ဘာ့ဘဏ်အနေဖြင့် အကြောင်း များစွာတွန်းအားပေးလျှက်ရှိသည်၊ ဥပမာ- လူသူအားချိတ်ဆက်မှုရှိစေခြင်း၊ ဒစ်ဂျစ်တယ်ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုရှိစေခြင်း၊ အစိုးရအား ဒစ်ဂျစ်တယ်နည်းပညာကို သုံးစွဲရန်တွန်းအားပေးခြင်း၊ ကြီးကြပ်မှုများ အတွက်မူဘောင်တည်ဆောက်ပေးခြင်း၊အပါအဝင် ဆိုက်ဘာလုံခြုံရေးနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များသတ် မှတ်ခြင်းများဖြစ်သည်။

ဒုတိယဥက္ကဌ မစ္စတာ ဂျွန် ဂါလ်ဗင်း (Mr. John Galvin, Vice President, Government and Education, Intel Corporation) ပြောကြားချက်အရ - ပစ္စုပ္ပန်တွင်ကမ္ဘာကြီးလျှင်မြန်စွာပြောင်းလဲမှုရှိနေ သည့်အတွက် ပညာရေးဘက်ကိုအလေးထားသင့်သည်၊ လက်ရှိဖြစ်ပေါ်နေသော အလုပ်အ ကိုင်များသည် အတိတ်ကာလတွင်မရှိဖူးပါ၊ ထို့ကြောင့် မူလကသင်ကြားမှုအသိပညာပေးသော ပညာရေးမော်ဒယ် ပုံစံ သည်၊ ဝေဖန်စဉ်းစားတွေးခေါ်တတ်အောင်လေ့ကျင့်ရသည်၊ နည်းပညာပြောင်းလဲမှုများနှင့် လိုက်လျောညီ ထွေဖြစ်အောင်ရန်ပြောင်းလဲသွန်သင်ရသည်၊ ပညာရေးကိုဆန်းသစ်သောအရာကို အမြဲတမ်းလေ့လာသင် ယူနိုင်ရန်ဖန်တီးပေးရမည်။

 
ထိုင်းနိုင်ငံ တယ်လီကွမ်းဆက်သွယ်ရေးအဖွဲ့အစည်း၏အတွင်းရေးမှူး ဒေါက်တာ အထစ် အတ်ဆဝါ နန်း ပြောပြချက်အရ - ထိုင်းနိုင်ငံတွင် များစွာသောစိန်ခေါ်မှုများရှိနေသည်၊ ဖြေရှင်းသင့်သော ပထမဦး ဆုံးပြဿနာတစ်ခုမှာ  ထိုင်းလူမျိုးတို့အသုံးပြုသောဒေတာအချက်အလက်များသည် များသောအားဖြင့် နိုင်ငံ ခြားကုမ္ပဏီဖြစ် ဝဘ်ဆိုဒ် website များဖြစ်ကြောင်း၊ ဥပမာ- ဂူဂဲလ်၊ ဖေ့စ်ဘုတ်တို့ဖြစ်သည်၊ ဆိုလိုသည်မှာ ထိုင်းလူမျိုးတို့အသုံးပြုသောဒေတာအချက်အလက်များသည် နိုင်ငံခြားတွင်သိုလှောင်ထားခြင်းခံရသည်၊ အစိုးရဌာနကဤဒေတာအချက်အလက်များကိုလိုချင်သည့်အခါ ဥပမာ အမျိုးမျိုးသော ရာဇဝတ်မှုများကိုစစ် ဆေးလိုလျှင်ညှိနှိုင်းရန်အချိန်ကြာမြင့်စွာစောင့်ရသည့်အတွက်သတင်းအချက်အလက်များသို့လွယ်ကူစွာဝင် ရောက်နိုင်ရန်စည်းကမ်းချက်များရှိသင့်သည်။

ဒုတိယပြဿနာမှာ စိုက်ပျိုးရေးအတွက်နည်းပညာများအသုံးပြုခြင်းဖြစ်သည်၊ ထိုင်းနိုင်ငံလူမှုရေးအဖွဲ့ အစည်းသည်၊စိုက်ပျိုးရေးဖြစ်ပြီး၊ ခေတ်သစ်နည်းပညာ အသုံးပြုမှုအလွန်နည်းပါးသည်၊ ပိုက်ဆံမြောက်များ စွာလိုအပ်သည်၊အထူးသဖြင့် အသေးစားလယ်သမားများသည်ပိုပြီးပိုက်ဆံအများကြီးလိုအပ်သည်၊ နိုင်ငံခြား နှင့်မတူအလွန်ခြားနားသည်၊နိုင်ငံခြားတွင်ကုမ္ပဏီကြီးများကပိုက်ဆံအများကြီးရင်းနှီးမြှုပ်နှံမှုပြုကြသည်၊ ထိုင်းနိုင်ငံတွင်လယ်သမားများ၏နည်းပညာဆိုင်ရာကျွမ်းကျင်မှုမရှိ၊အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြ သည်။

လွတ်လပ်သောအတိုင်ပင်ခံ မစ္စတာဖိုင်းရို့စ် ဝိုင်းဝါးဏစ်ချကစ် ကဆိုသည်မှာ- ဒစ်ဂျစ်တယ်စီး ပွားရေး စနစ် (digital economy) ခေတ်ပြောင်းလဲရာတွင်သတိထားသင့်သောအချက်သည် အပြုသဘောပြောင်း လဲမှု များဖြစ်သော်လည်း၊ အဆိုပါ လူအစားနည်းပညာကိုအစားထိုးခြင်းသည် အလုပ်လက်မဲ့လူဦးရေအား ပိုပြီး၊သက်ရောက်မှုရှိစေနိုင် သည့်အလားအလာရှိသည် ဟုပြောသည်။ ထို့ကြောင့်ပြောင်းလဲမှု တစ်ခုတည်း ကိုသာအလေးမထားသင့်ပဲ၊ရေရှည်တွင်အကျိုးအမြတ်ခံစားရမည့်လူသူများအတွက်လည်းထည့်သွင်းစဉ်းစားသင့်သည်။

ဒုတိယဥက္ကဌ မစ္စတာ ဆတ် ကူးမား (Mr. Saj Kumar, Vice President – Digital Transformation & IoT, SAP Asia Pvt. Ltd) က Industry 4.0 မှာ အရေးကြီးသောအချက် ၃ ချက်ရှိသည်ဟု ထင်မြင်ချက် ပြောကြားသည်၊

၁. စက်နှင့်လူသားတို့မှ လာသောဒေတာအချက်အလက်များကို အတူတကွအသုံးပြုမှု၊
၂. Mass production ရိုးရာစက်မှုလုပ်ငန်းများမှကူးပြောင်းမှုမှ Mass Customization သို့ဖြစ်လာခြင်းသည်၊ တစ်ဦးချင်းစီ၏ကွဲပြားခြားနားပြီးလျှင်မြန်သော လိုအပ်ချက်များကိုဖြည့်ဆည်းသည့်ကုန်ပစ္စည်းများကို ထုတ်လုပ်မှု၊
၃. ပစ္စုပ္ပန်တွင် ကုန်ကြမ်းပစ္စည်း (Material) ထုတ်လုပ်မှုစနစ်နှင့်ဆက်စပ်သောနည်းပညာများများစွာ ရှိသည်၊  သုံးဖက်မြင်ပုံနှိပ်နည်းပညာ (သို့မဟုတ်) နာနိုအရာဝတ်ထုအသုံးပြုမှု၊ နည်းပညာအသုံးပြုမှု များကိုနမူနာ ပြထားသည်၊ ဥပမာ- စိုက်ပျိုးရေးဒေသ(သို့မဟုတ်) ဂြိုဟ်တုများ တွင်အသုံးပြုခြင်း၊တို့တွင် ကုန်ကျ စရိတ်များ ပြားသောကြောင့် စိုက်ပျိုးရေးနှင့်ကိုက်ညီအောင်နည်းပညာများကိုစဉ်းစားခြင်းဖြစ်သည်၊ ဥပမာ  Narrow band နည်းပညာနှင့် Internet of things (သို့မဟုတ်)  IOT စသည်တို့သည် ဈေးနှုန်းမ များသော ဆင်စာ(Sensor)များဖြစ်သည်။

မြေဆီလွှာဂုဏ်သတ္တိများတိုင်းတာရေး၊ ရာသီဥတုကိုခန့်မှန်းရေး၊  နှင့်စိုက်ပျိုးရေး ထုတ်ကုန်များ သယ်ယူ ပို့ဆောင်ရေးများတွင်အသုံးပြုသည်။ အတိတ်ကာလဆွင်အဆိုပါ ထုတ်ကုန်များသည်၊သယ်ယူ ပို့ဆောင်မှု တွင် 40 ရာခိုင်နှုန်းခန့်စွန့်ပစ်ရကြောင်းတွေ့ရပြီး၊သို့သော်နည်းပညာအသစ်ရှိလာသောအခါ ထုတ်ကုန်များ သယ်ယူပို့ဆောင်ရာတွင်သက်တမ်းကုန်ဆုံးရက်နှင့်မီစေရန် အချိန်တွက်ချက်မှုတွင်ကူ ညီရန် အတွက် ဆင်စာ (Sensor)လုပ်ပေးမှုတွင်ကူပေးသည်။
 

ဖန်တီးသူ  -   (24-05-2017 13:42:23)

Download

Page views: 509