NBTC နှင့် ဂျပန်နိုင်ငံဆက်သွယ်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးတို့က ဂျပန်နိုင်ငံ - ထိုင်းနိုင်ငံအကြား ရုမ်းမင်းဝန်ဆောင်ခ (International Mobile Roaming) လျှော့ချရန်နည်းလမ်းများ၊ Ultra HDTV စက်မှုလုပ်ငန်းအတွင်း နှင့် အကြောင်းအရာ(Contents)ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အတူတကွ ဆွေးနွေးခြင်း။

NBTC ရုပ်သံလိုင်း၏အထွေထွေအတွင်းရေးမှူး ဦးထာကွန်း တန်တဆစ် (Mr.Takorn Tantasith) က ထုတ်ဖေါ်ပြောကြားချက်အရ - ဧပြီလ ၃၀ ရက်နေ့ ၂၀၁၅ ခုနှစ်တွင်ကျင်းပသော ဦးဆောင်သူအဖြစ် NBTC ဥက္ကဌ လေတပ် ဗိုလ်ချုပ်မှူး ဦးထရေ့တ် ဘွန်းဆီ ၊ NBTC ဒုဥက္ကဌ နှင့် BTC ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဒေါတ်တာ နထီး ဆုကွန်းရတ်၊ NBTC ဒုဥက္ကဌ နှင့် NTC ဥက္ကဋ္ဌ ဗိုလ်မှူးကြီးဒေါက်တာ ဆေတ်ဖုန်း မလိဆူဝမ်း၊နှင့် NBTC အထွေထွေအတွင်းရေးမှူး ဦးထာကွန်း တန်တဆစ် တို့ပါဝင်သော ရုပ်သံလိုင်းကော်မီရှင်အဖွဲ့နှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန [Ministry of Internal Affairs and Communications (MIC)] အကြားအစည်းအဝေးတွင် နှစ်နိုင်ငံအကြား ရုမ်းမင်းဝန်ဆောင်ခ (International Mobile Roaming) ဆိုင်ရာဒေတာနှင့်အသံဝန်ဆောင်ခများလျှော့ချရန်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊အဆိုပါအကြောင်းသည်ထိုင်းနှင့်ဂျပန်ဆက်သွယ်ရေးလုပ်ငန်းရှင်အကြားတွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများဦးဆောင်စေမည်၊ ထိုင်းနိုင်ငံ၏လုပ်ငန်းရှင်နှင့်ခရီးသွားလုပ်ငန်းရှင်များအားကောင်းကျိုးရှိစေ မည်။ထို့အပြင်4K နှင့်8K စနစ် အတွက်အသံနှင့်ဗီဒီယိုထုတ်လွှင့်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်ထုတ်လွင့်မှု ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများပါတင်ပြခဲ့သည်၊ဤစနစ်ကိုလွန်ခဲ့သောဖေဖေါ်ဝါရီလကစမ်းသပ်မှုများပြု လုပ်ခဲ့သည်မှာစိတ်ဝင်စားမှုများစွာလက်ခံရရှိခဲ့သည်။စီးပွားရေးလုပ်ငန်းရှင်နှစ်ဖက်အကြား၊အကြောင်းအရာ များ အတူတကွဖလှယ်ရန်ကမ်းလှမ်းခဲ့သည်၊ နေ့လည်ပိုင်းတွင်မူဂျပန်နိုင်ငံအဖွဲ့အစည်းနှင့်အတူ ရောက်ရှိ လာသောစီးပွားရေးလုပ်ငန်းရှင် (၁၁) ဦးသည် ထိုင်း လုပ်ငန်း ရှင်များအား  4K နည်းပညာ အစီ အစဉ်များ အတွက်ဘွတ်(Booth)ထွက်တင်ပြမည်ဖြစ်ပြီး၊စိတ်ဝင်စားစရာကောင်းသောအစီအစဉ်အကြောင်းအရာများ ရွေးချယ်ဝယ်ယူနိုင်ရန်၊့စီးပွားရေးအဆူတကွပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။
ဤနှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုသည်၊ ထိုင်းနိုင်ငံအတွက် ဦးဆောင်စေသော အဓိကအကျိုး ကျေးဇူးမှာ - ထိုင်းနိုင်ငံရုပ်မြင်သံကြားစက်မှုလုပ်ငန်းအတွင်းအရည်အသွေးကောင်းမွန်သော အကြောင်း အရာအဖြစ်ဖွံ့ဖြိုးရန်နှင့် Ultra HDTV (4K) နည်းပညာ နှင့်စမတ်တီဗွီ(Smart TV) မြှင့်တင်ရန်အတွက် ထိုင်းနှင့်ဂျပန်ရုပ်မြင်သံကြား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေးကို နှိုးဆွပေးသည်.
နိုင်ငံတကာ ရုမ်းမင်းဝန်ဆောင်ခ (International Mobile Roaming) ပူးပေါင်းဆောင်ရွက်မှု အတွက်တွင်မူ၊ အကယ်၍လုပ်ငန်းရှင်သည် ဒေတာရုမ်းမင်း (Data Roaming) နှင့်အသံရုမ်းမင်း (Voice Roaming) ဝန်ဆောင်ခဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများတွင်သဘောတူညီချက်များရရှိခဲ့လျှင်၊ နှစ်နိုင်ငံစလုံး၏ တယ်လီဖုန်းဆက်သွယ်ရေးစက်မှုလုပ်ငန်းအကျိုးရှိကြလိမ့်မည်ဖြစ်သည်။

 

ဖန်တီးသူ  -   (24-05-2017 15:57:31)

Download

Page views: 327