Banner

นโยบายของ กสทช.

ကောဆောထောချော ၏ မူဝါဒ
1. အသံလိုင်းစီမံခြင်းမူဝါဒ - တရားမျှတစွာစီမံပေးခြင်းနှင့် ပြည်သူလူထုနှင့်တိုင်းပြည်၏ အကြီးမားဆုံးအကျိုးဖြစ်ပေါ်စေရန်အတွက် အသံလိုင်းအကျိုးကျေးဇူးကို အရည်အချင်းရှိစွာ အသုံးပြုခြင်း
2. ယှဉ်ပြိုင်ခြင်းမူဝါဒ - ဆက်သွယ်ရေးဈေးကွက်နှင့် အဆက်မပြတ်စက်မှုလုပ်ငန်းဈေးကွက်တွင် တရားမျှတသည့် လမ်းစဉ်တွင် ယှဉ်ပြိုင် မှုဖြစ်ပေါ်စေရန်အတွက် ဈေးကွက်စီးပွားရေးဗြူဟာအသုံးပြုရန် အထောက်အကူပေးခြင်း
3. ခွင့်ပြုစာထုတ်ပေးခြင်းမူဝါဒ - တရားမျှတသည့် လွတ်လပ်စွာယှဉ်ပြိုင်မှုနှင့် တစ်ဦးတည်းချုပ်ကိုင်မှုစနစ်ကို ကာကွယ်ခြင်းအား အဓိက ထားခြင်းဖြင့် ခွင့်ပြုစာထုတ်ပေးခြင်း
4. အင်တာနက်မူဝါဒ - ကျယ်ပြန့်သော အင်တာနက်လုပ်ငန်း လုပ်ဆောင်မှုရှိစေရန် အထောက်အကူပေးပြီး ခွင့်ပြုစာဝန်ဆောင်မှုကြေး အားအနိမ့်ဆုံးတွက်ချက်ခြင်း (သို့) ၀န်ဆောင်မှုကြေးကင်းလွှတ်ခွင့်ရရှိစေခြင်း
5. လုပ်ငန်းလုပ်ဆောင်ခြင်းခွင့်ပြုမှုနှင့်ကြီးကြပ်စောင့်ရှောက်ရေးမူဝါဒ - ပြည်နယ်အဆင့်အတွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုခ ယှဉ် ပြိုင်နိုင်စေရန်နှင့် အရည်အသွေးကောင်းမွန်မှုရှိစေရန်အတွက် တရားမျှတသည့် ယှဉ်ပြိုင်မှုဖြစ်ပေါ်စေရန် လုပ်ငန်းလုပ်ဆောင်ခြင်းအား ကြီးကြပ်စောင့်ရှောက်ပေးခြင်း
6. ကွန်ယက်ဆက်သွယ်မှုမူဝါဒ - တရားမျှတသည့် အရင်းတန်ဖိုး၏ အခြေခံပေါ်တွင် ကွန်ယက်ဆက်သွယ်မှုရှိစေရန် သတ်မှတ်ချက်များ ဖွဲ့စည်းခြင်း
7. ဆက်သွယ်ရေးနံပါတ်မူဝါဒ - လုပ်ငန်းတိုးချဲ့ခြင်းနှင့် လုပ်ငန်းရှင်ကွန်ယက်အတွက် လုံလောက်စွာနှင့် အရည်အသွေးရှိစွာ ဆက်သွယ်  ရေးနံပါတ်ရှိစေရန် စီစဉ်ပေးပြီး အများပြည်သူအကျိုးလုပ်ငန်း၊ တိုင်းပြည်၏တည်မြဲရေးနှင့် အရေးပေါ်နံပါတ်အရံထားရှိခြင်းများအတွက် သီးသန့်နံပါတ်စီစဉ်ပေးခြင်း
8. ပျံ့နှံ့စွာဆက်သွယ်ရေးဝန်ဆောင်မှုပေးခြင်း မူဝါဒ - တိုင်းပြည်အနှံ့ ပျံ့နှံ့စွာနှင့် တန်းတူညီမျှစွာ ဆက်သွယ်ရေးဝန်ဆောင်မှုရှိစေရန် တိုက်တွန်းပေးခြင်း
9. စက်မှုလုပ်ငန်းအထောက်အကူပေးခြင်းမူဝါဒ - တိုင်းပြည်အတွင်းနှင့် နိုင်ငံခြားတွင် စက်မှုလုပ်ငန်း ယှဉ်ပြိုင်နိုင်စေရန် အထောက်အကူ ပေးပြီး ထိုင်းနိုင်ငံအတွင်းတွင် ဆက်သွယ်ရေးပစ္စည်းကိရိယာအစိတ်အပိုင်းများ သုတေသနပြုခြင်း၊ ဖွံ့ဖြိုးခြင်း၊ ထုတ်လုပ်ခြင်းရှိစေရန်  ထောက်ပံ့ပေးခြင်း
10. သုံးစွဲသူစောင့်ရှောက်ခြင်းမူဝါဒ - ၀န်ဆောင်မှုအသုံးပြုသူမှ များပြားစွာသော ဆက်သွယ်ရေးဝန်ဆောင်မှုရွေးချယ်နိုင်စေရန် သတ်မှတ်  ပေးပြီး တရားမျှတသည့်ဈေးနှုန်းဖြင့် စံချိန်စံနှုန်းအတိုင်း အရည်အသွေးရှိသည့် ၀န်ဆောင်မှုရရှိစေရန် သတ်မှတ်ပေးခြင်း
11. လူပုဂ္ဂိုလ်ဖွံ့ဖြိုးခြင်းမူဝါဒ - လူပုဂ္ဂိုလ်ဖွံ့ဖြိုးခြင်း၊ အတွေးအခေါ်နှင့် အဖွဲ့အစည်းယှဉ်ကျေးမှုပြောင်းလဲမှုရှိစေရန် အထောက်အကူပေးပြီး အရည်အချင်းရှိသည့် လူပုဂ္ဂိုလ်အား သင်တန်းတက်ခြင်း၊ အစည်းအဝေးထိုင်ခြင်း၊ ပညာဆက်လက်သင်ကြားခြင်း၊ သုတေသနပြုစေခြင်း နှင့်/သို့မဟုတ် နိုင်ငံခြားတွင် ကြီးကြပ်စောင့်ရှောက်သည့်အဖွဲ့အစည်းနှင့် လုပ်ငန်းသင်ယူမှုရှိစေရန် ပညာသင်ဆုပေးအပ်ခြင်းနှင့် အုပ်စု လိုက်လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လူပုဂ္ဂိုလ်၏အထူးတတ်ကျွမ်းမှုအပိုင်းကို ဦးစားပေးပြီး အရည်အချင်း(သို့)လုပ်ငန်းရလဒ်ရှိသည့် လူပုဂ္ဂိုလ်အား တိုးတက်မှုရှိစေရန် ထောက်ပံ့ပေးခြင်း

 

ဖန်တီးသူ  - Supawan  Sittipanya (27-06-2019 09:15:18)

Download

Page views: 12730