DOE အနေဖြင့် အာဆီယံနိုင်ငံများမှ ကျွမ်းကျင်အလုပ်သမားများအတွက် အာဆီယံလမ်းကြောင်းကို ဒီဇန်နဝါရီလမှစ၍ ဖွင့်လှစ်ခဲ့သည်။


     အလုပ်အကိုင်ဌာနမှ ကျွမ်းကျင်အလုပ်အကိုင် ခုနှစ်မျိုး နှင့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းတွင် ၃၂ နေရာအထိ အလုပ်လုပ်ပိုင်ခွင့်ပါမစ်လျှောက်ထားမှုကို လုပ်ဆောင်သွားမည့် အထူးဝန်ဆောင်မှုလမ်းစဉ် ခေါ် “အာဆီယံလမ်းစဉ်” ကို ဇန်နဝါရီလ ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ပါမည်။
    
     အလုပ်ခန့်အပ်မှုဌာန၏အထွေထွေဒါရိုက်တာ၊ မစ်စတာ အာရက်ခ် ပရိုမ်မာနီး (Mr. Arak Prommanee) က “ ထိုင်နိုင်ငံဟာ နိုင်ငံအတွင်း ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုကိုမြင့်တင်ရန်နှင့်ပြီးပြည့်စုံစေရန်၊ အထူးသဖြင့် အာဆီယံနိုင်ငံများမှ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၏ကုန်သွယ်မှုကင်းလွတ်ခွင့်ကို သဘောတူညီခြင်းဖြင့် အာဆီယံအသိုင်းအဝိုင်း ခေါ် AC  အတွင်း ချဉ်းကပ်လာနေပြီးဖြစ်တဲ့အတွက်၊ ၎င်းအနေဖြင့် အဖွဲ့ဝင်တိုင်းဒေသများတစ်လျှောက် အလုပ်အကိုင်ရွှေ့လျားမှုကိုမြှင့်တက်လာမှုတစ်ခုထံ ကြုံလာနေကြပြီဖြစ်တယ်။ ဤသို့ရွှေ့ပြောင်းမှုမြှင့်တက်လာမှုအတွက် ကြိုတင်ပြင်ဆင်ရန်၊ အလုပ်အကိုင်တရားဝင်ခွင့်ပြုပါမစ်ကိုပြုလုပ်ပေးခြင်းကို ပံ့ပိုးဆောင်ရွက်ရန် အစိုးရကိုယ်စားလှယ်ဖြစ်သည့် အလုပ်အကိုင်ဌာနအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်အလုပ်သမားများအတွက် နှစ်ဦးနှစ်ဖက် အသိအမှတ်ပြု လက်မှတ် (MRA) အတိုင်း အလုပ်အကိုင် ခုနှစ်ခု (အင်ဂျင်နီယာ၊ စူးစမ်းရှာဖွေမှု၊ စိုက်ပျိုးမွေးမြူရေး၊ ဆေးဝါး၊ သွားကုသမှု၊ သူနာပြု၊ နှင့် စာရင်းအင်းတွက်ချက်မှု) အလုပ်များ နှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် ရာထူး ၃၂ ခုဖြင့် ဇန်နဝါရီလ ၂၀၁၅ ခုနှစ်မှစတင်၍ မိထ်မာအိထရိ လမ်း (Mit Maitri Road)၊ ဒင်းဒန် (Din Daeng) ရပ်ကွက်၊ ဘန်ကောက်မြို့ရှိ ဝန်ကြီးဌာန၊ အလုပ်အကိုင် ဌာန၊ နိုင်ငံခြားကျွမ်းကျင်အလုပ်သမားများအားအလုပ်ခန့်အပ်မှုစနစ်ယူနစ်၊ နှင့် နိုင်ငံခြားအလုပ်သမားများကြီးကြပ်ရေးရုံးတွင် အထူးဝန်ဆောင်မှုလမ်းစဉ် သို့မဟုတ် အာဆီယံလမ်းစဉ်ကို ဖွင့်လှစ်ခဲ့ပါသည်။
    
     အာဆီယံလမ်းစဉ်သည် အလုပ်သမားများအတွက် သက်တောင့်သက်သာဖြစ်သောယန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ရန်  လျှောက်လွှာတင်နိုင်မည့်အချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ၊ မနက် ၈.၃၀ နာရီမှ နေ့လည် ၄.၃၀ နာရီအထိ၊ နေ့လည် ၃.၃၀ နာရီကို နောက်ဆုံးလျှောက်မည့်အချိန်အဖြစ် ဖွင့်လှစ်ပေးသွားမည်” ဟု မစ်စတာ အာရာခ် (Mr. Arak) မှ ဆက်လက်၍ ပြောကြားခဲ့သေးသည်။ အချက်အလက်များပိုမိုသိရှိလိုပါက၊ မိထ်မာအိထရိ လမ်း (Mit Maitri Road)၊ ဒင်းဒန် (Din Daeng) ရပ်ကွက်၊ ဘန်ကောက်မြို့ရှိ ဝန်ကြီးဌာန၊ အလုပ်အကိုင် ဌာန၊ နိုင်ငံခြားကျွမ်းကျင်အလုပ်သမားများအားအလုပ်ခန့်အပ်မှုစနစ်ယူနစ်၊ နှင့် နိုင်ငံခြားအလုပ်သမားများကြီးကြပ်ရေးရုံး၊ ဖုန်းနံပါတ် - ၀၂ ၂၄၅ ၂၇၄၅ ၊ ၀၂ ၂၄၈ ၇၂၀၂ သို့မဟုတ် DOE Hot Line ၁၆၉၄ သို့မဟုတ် DOE ၏ အင်တာနက်စာမျက်နှာ www.doe.go.th.  ကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။
 

ဖန်တီးသူ  - Supawan  Sittipanya (01-07-2019 15:33:18)

Download

Page views: 508